လမ်းတည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: April 20, 2020 - April 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

လုပ်ငန်းတင်ဒါအမှတ်စဥ် (၅/၂၀၁၉-၂၀၂၀)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ခရိုင်များမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်းတည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ဖုန်း ၀၇၁-၂၃၇၆၄ သို့ ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍လည်းကောင်း မေးမြန်းနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာပုံစံများကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် အောက်ပါအစီအစဥ်အတိုင်း ၀ယ်ယူတင်သွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(က)     တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် -           ၂၀-၄-၂၀၂၀ ရက်

(ခ)       တင်ဒါလျှောက်လွှာရောင်းချမည့် နောက်ဆုံးရက်     -           ၂၉-၄-၂၀၂၀ ရက် ၊ ညနေ ၁၆:၀၀ နာရီထိ

(ဂ)       တင်ဒါအာမခံကြေး (PO) တင်သွင်းရမည့်ရက်         -           ၃၀-၄-၂၀၂၀ ရက် ၊ ညနေ ၁၆:၀၀ နာရီထိ

(ဃ)     တင်ဒါလျှောက်လွှာတင်သွင်းရမည့်ရက်/နေရာ        -           ထပ်မံကြေညာပါမည်။

(င)       တင်ဒါဖွင့်လှစ်မည့်ရက်                                        -           ထပ်မံကြေညာပါမည်။

 

တင်ဒါကော်မတီ

 

---၃ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ---

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us