ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အခြားလမ်းတံတားလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: April 6, 2020 - May 5, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ရွှေဘိုခရိုင်၊ တန့်ဆည်-ပုတီး-ညောင်ကိုင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ကတ္တရာခင်းခြင်း (Lot-12) လုပ်ငန်း၊ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မင်းကင်းမြို့နယ်လုပ်ငန်း (၆) ခု လမ်းတံတားလုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ဖုန်း ၀၇၁-၂၆၃၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍လည်းကောင်း မေးမြန်းနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် အောက်ပါအစီအစဥ်အတိုင်း ၀ယ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(က)     တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် -           ၆-၄-၂၀၂၀ ရက်

(ခ)       တင်ဒါလျှောက်လွှာပိတ်မည့်ရက်                 -           ၅-၅-၂၀၂၀ ရက်

(ဂ)       တင်ဒါစာအိတ်များနှင့် တင်ဒါအာမခံကြေးပေးသွင်းထားသည့် (PO Cheque) မူရင်းတင်သွင်းရမည့်ရက်    -           ၇-၅-၂၀၂၀ ရက် ၊ နံနက် ၉:၃၀ မှ ၁၀:၀၀ နာရီအထိ

(ဃ)     တင်ဒါစာအိတ်များနှင့် တင်ဒါအာမခံကြေးပေးသွင်းထားသည့် (PO Cheque) မူရင်းတင်သွင်းရမည့်နေရာ -            တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့။

(င)       တင်ဒါစိစစ်မည့်ရက်                    -           ၇-၅-၂၀၂၀ ရက်၊ ၁၀:၀၀ နာရီ

 

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

၀၇၁-၂၆၃၅၉

 

--၅.၄.၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ---

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us