Public Private Partnership (PPP) အစီအစဥ်အရ စပါးမျိုးစေ့သန့်စင်စက်လုပ်ငန်းနှင့် စပ်လျဥ်း၍ လျှောက်လွှာခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စီမံကြီးကြပ်မှုနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ |
တင်ဒါကာလ: April 7, 2020 - May 8, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ စိုင်နိုင်ကြီးအထွက်တိုးစခန်းတွင် တည်ဆောက်လျက်ရှိသည့် စပါးမျိုးစေ့သန့်စင်စက်နှင့် အခြောက်ခံစက် တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပါက Public Private Partnership (PPP) အစီအစဥ်အရ ပုဂ္ဂလိကအသင်းအဖွဲ့တခုမှ ဦးဆောင်ကြီးကြပ်၍ မျိုးစေ့စိုက်ပျိုးထုတ်လုပ်သူများထံမှ စီးပွားဖြစ်မျိုးသန့်မျိုးစေ့များကို အခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ စနစ်တကျဖြန့်ဖြူးရောင်းချခြင်းစသည့် လုပ်ငန်းစဥ်များကို လည်ပတ်လုပ်ကိုင်ဆောင်ရွက်သွားစေရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

 

၂။ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းအား စိတ်ပါ၀င်စားသည့် ပုဂ္ဂလိကအသင်းအဖွဲ့များအနေဖြင့် လျှောက်လွှာပေးပို့ယှဥ်ပြိုင်အရွေးခံနိုင်ပါကြောင်းနှင့် အောက်ဖော်ပြပါအရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

အသင်းအဖွဲ့သည် -

 

(က)     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေစိုက်ပြီး ရွှေဘိုဧရိယာတွင် ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသည့် အသင်းအဖွဲ့ဖြစ်ရမည်။

(ခ)       အဆိုပါလုပ်ငန်း ရေရှည်တည်တံ့စေရန်အတွက် ရင်းနှီးမြှုပ်နှံ့နိုင်မည့် ငွေကြေးဓနအင်အားရှိရမည်။

(ဂ)       မျိုးစေ့သန့်စင်စက်ကိုင်တွယ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတို့တွင် အတွေ့အကြုံရှိရမည်ဖြစ်ပြီး ၎င်းစက်ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းသိမ်းနိုင်သည့် အင်ဂျင်နီယာရှိရမည်။

(ဃ)     စပါးသီးနှံစီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS) ထုတ်လုပ်ရေးလုပ်ငန်းနှင့် စပ်လျဥ်း၍ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၅) နှစ် ရှိရမည်။

(င)       ပုဂ္ဂလိကကုမ္ပဏီ မဖြစ်စေရ။

(စ)       အဆိုပါလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းနှင့်နိုင်ငံတ၀န်းရှိ တောင်သူလယ်သမားများဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်ဟူသည့် ရည်ရွယ်ချက်ထားရှိဆောင်ရွက်နေသော အသင်းအဖွဲ့ဖြစ်ရမည်။

 

၃။ လျှောက်လွှာပုံစံအား www.myanmarseedportal.com  တွင် download ရယူရန် (သို့) Hot Line နံပါတ် ၀၁-၂၃၉၉၅၅၅ နှင့် ၀၆၇-၃၄၁၀၃၈၅ သို့ ဆက်သွယ်ရယူနိုင်ပါကြောင်းနှင့် လျှောက်လွှာများကို ၈-၅-၂၀၂၀ ရက် နောက်ဆုံးထား၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၁၅) နေပြည်တော်သို့ ပေးပို့ပါရန် အသိပေးအပ်ပါသည်။

 

စိုက်ပျိုးရေးဦးစီးဌာန

 

၇ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us