တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအတွက် လိုအပ်သောဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: April 20, 2020 - April 28, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေး၀န်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၄)မှ တနင်္သာရီတိုင်းဒေသကြီးအတွင်း တာ၀န်ယူတည်ဆောက်လျက်ရှိသော ထား၀ယ်-မြိတ်လမ်းပေါ်ရှိ သမုတ်-လွတ်လွတ်တံတား၊ လွတ်လွတ်ဘက်ကမ်း ချဥ်းကပ်လမ်းပေါ်ရှိ ပေ (၁၀၀) တံတား၊ မင်းသန်း-မောင်းလှော်ကျေးလက်လမ်းပေါ်ရှိ မင်းသန်း-မောင်းလှော်တံတား၊ တနင်္သာရီ-မောင်တောလမ်းပေါ်ရှိ ဗောဓိကမ်းတံတား၊ ရှမ်းကိုးရွာနယ်စပ်ပတ်လမ်း၊ ခမောက်ကြီးမြို့နယ်ရှိ ‌ဖောင်ဆိပ်တံတားတည်ဆောက်ခြင်းနှင့် ထား၀ယ်-မြိတ်-တနင်္သာရီလမ်းပေါ်ရှိ ကျွဲကူး-ကျောက်ဖျာတံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းတို့တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး GRF ရန်ပုံငွေ၊ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်အရောက် ၀ယ်ယူခြင်း၊ စက်/ယာဥ်များ ငှားရမ်းခြင်းတို့ကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါသည်။ ၀ယ်ယူမည့်ပစ္စည်းများ -

H.S.D, Ready Mixed Concrete, M.S Rod, Cement, R/Sand, Chipping, J/Wood, 2.3mm Thin Sheet (8'x4'), Sheet Pile, 300x300 H Beam, 100x 50 C Channel

ငှားရမ်းမည့်စက်/ယာဥ်များ - Z-Craft,1200 Ton Working Barge

တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါလျှောက်လွှာပုံစံများကို ၂၀- ၄-၂၀၂၀ ရက်မှ ၂၈-၄-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း တည်ဆောက်ရေးအဖွဲ့ (၄) ရုံး၊ ဘုရင့်နောင်တံတားအမှတ် (၂) ရန်ကုန်မြို့၊ (ဖုန်း-၀၉-၄၂၂၄၈၆၀၈၇) နှင့် တနင်္သာရီတံတားတည်ဆောက်ရေးစီမံကိန်း၊ တနင်္သာရီမြို့ (ဖုန်း-၀၉- ၅၁၅၄၀၁၃)တိုတွင် ဝယ်ယူနိုင်ပါသည်။

 

တင်ဒါဖွင့်မည့်ရက်/အချိန် -           ၃၀-၄-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီ

တင်ဒါစိစစ်ရွေးချယ်မည့်နေရာ      -           တနင်္သာရီတံတားတည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်၊ တနင်္သာရီမြို့

 

တင်ဒါကော်မတီ

 

၈ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us