ဖိုင်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီနှင့် ရေသန့်စက်များ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: April 22, 2020 - May 5, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာ၀ဘေးမဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားနေစဥ် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် အောက်ဖော်ပြပါ ဖိုင်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီနှင့် ရေသန့်စက်များကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသည်။

စဥ်ပစ္စည်းအမည်အရေအတွက်ပေးပို့ရမည့်နေရာကြမ်းခင်းစျေး
Lot 1ဖိုင်ဘာစက်လှေ

(40) HP (၁၀) ဦးဆန့်

(၅) စီးဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)၇,၀၀၀,၀၀၀/-

(၁ စီးနှုန်း)

Lot 2ဖိုင်ဘာစက်လှေ

(40) HP (၁၀) ဦးဆန့်

(၄) စီးဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)၇,၀၀၀,၀၀၀/-

(၁ စီးနှုန်း)

Lot 3ဖိုင်ဘာစက်လှေ

(13) HP (၈) ဦးဆန့်

(၅) စီးဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)၂,၅၀၀,၀၀၀/-

(၁ စီးနှုန်း)

Lot 4ဖိုင်ဘာစက်လှေ

(13) HP (၈) ဦးဆန့်

(၅) စီးဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)၂,၅၀၀,၀၀၀/-

(၁ စီးနှုန်း)

Lot 5လူကြီး၀တ်အသက်ကယ်အင်္ကျီ(၅၀၀) ထည်ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)၁၅,၀၀၀/- (၁ ထည်နှုန်း)
Lot 6လူကြီး၀တ်အသက်ကယ်အင်္ကျီ(၅၀၀) ထည်ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)၁၅,၀၀၀/- (၁ ထည်နှုန်း)
Lot 7ကလေး၀တ်အသက်ကယ်အင်္ကျီ(၅၀၀) ထည်ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)၇,၅၀၀/- (၁ ထည်နှုန်း)
Lot 8ကလေး၀တ်အသက်ကယ်အင်္ကျီ(၅၀၀) ထည်ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)၇,၅၀၀/- (၁ ထည်နှုန်း)
Lot 9ရေသန့်စက်(၅) လုံးဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)၂,၅၀၀,၀၀၀/-

(၁ လုံးနှုန်း)

 

တင်ဒါလျှောက်လွှာများနှင့်ပတ်သတ်၍ အောက်ပါအစီအစဥ်အတိုင်း ဆောင်ရွက်သွားပါမည်။

(က)     တင်ဒါပုံစံရောင်းချမည့်ရက်          -           ၂၂-၄-၂၀၂၀ ရက်မှ ၅-၅-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

(ခ)       တင်ဒါတင်သွင်းရမည့်ကာလ        -           ၃၀-၄-၂၀၂၀ ရက် ၀၉ ၃၀ နာရီမှ ၁၂-၅-၂၀၂၀ ရက် ၁၆ ၃၀ နာရီအထိ

(ဂ)       တင်ဒါရောင်းချမည့်နေရာ             -           ရုံးအမှတ် (၂၃)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

(ဃ)     တင်ဒါဖွင့်လှစ်မည့်နေ့နှင့်နေရာ     -           ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ပါသည်။ (တင်ဒါဖွင့်လှစ်မည့်ရက်ကို ထပ်မံအသိပေးအကြောင်းကြားမည် ဖြစ်ပါသည်)

၃။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၄၃၉၅၊ ၀၆၇-၄၀၄၃၆၉ သို့ (၀၉ ၃၀) နာရီမှ (၁၆ ၃၀) နာရီအတွင်း ရုံးဖွင့်ရက်များအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

၈ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us