Sim Card များ မှတ်ပုံတင်ရာတွင် Biometric Verification ပြုလုပ်နိုင်ရန် Common Database တည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: April 8, 2020 - May 29, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ဆက်သွယ်ရေးအော်ပရေတာများမှ စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် Sim Card များအား မှတ်ပုံတင်ရာတွင် Biometric Verification ပြုလုပ်နိုင်ရန် Common Database တခုအား Universal Service Fund (USF) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါစတင်ခေါ်ယူမည့်ရက်    -           ၈-၄-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)

၃။ တင်ဒါပိတ်မည့်ရက်                -           ၂၉-၅-၂၀၂၀ ရက် (သောကြာနေ့)

၄။ တင်ဒါတင်သွင်းရမည့်နေရာ     -           တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂) ၊ နေပြည်တော်

၅။ တင်ဒါဖွင့်ဖောက်မည့်ရက်နှင့်အချိန်       -           ၂၉-၅-၂၀၂၀ ရက် (သောကြာနေ့)၊ မွန်းလွဲ ၁ နာရီ

၆။ အဆိုပါ Common Database ..အွက် Request for Proposal (RFP) နှင့် တင်ဒါစည်းကမ်းချက်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၏ Website ဖြစ်သည့် www.motc.gov.mm နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ Website ဖြစ်သည့် www.ptd.gov.mm တို့တွင် Download ရယူနိုင်ပါသည်။

၇။ အဆိုပါ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖုန်း ၀၆၇-၃၄၀၇၆၂၆ သို့ဖြစ်စေ၊ ၀၉-၄၅၀၀၀၀၂၂၉ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန

ရုံးအမှတ် (၂) ၊ နေပြည်တော်

 

၈ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us