ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ကျောင်းသုံးဗလာစာအုပ်ရိုက်နှိပ်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: April 10, 2020 - May 8, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်အမီ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးအောက်တွင် အခြေခံပညာကျောင်းများရှိ မူလတန်းဆင့်သင် ကျောင်းသား/သူများအား (၁) ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၁) ဒါဇင်နှုန်း အခမဲ့ဖြန့်‌ေ၀ခြင်းလုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဗလာစာအုပ် (၄၀၂၄၃၅) ဒါဇင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရိုက်နှိပ်ဆောင်ရွက်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်          -           ၁၀-၄-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီ

တင်ဒါပိတ်သိမ်းမည့်ရက်             -           ၈-၅-၂၀၂၀ ရက်၊ ညနေ ၄:၃၀ နာရီ

နေရာ                                        -           အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အမှတ် (၅၉၁)၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉- ၅၁၆၁၀၀၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

 

၉ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us