ရေပိုက်သွယ်တန်းခြင်းနှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: April 9, 2020 - May 22, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းဖြစ်သော ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရေရရှိရေးလုပ်ငန်းအတွက် ရေပိုက်သွယ်တန်းခြင်း (၇/၄) မိုင်နှင့် ရေတားတမံ ပေ (၃၀ x ၃ x ၅) တည်ဆောက်ခြင်းလုပ်ငန်းအား ခွင့်ပြုငွေကျပ် (၅၆.၇၁) သန်းဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါတင်သွင်းလိုသည့် ကုမ္ပဏီများသည် ဦးစီးဌာနက သတ်မှတ်ထားသော လုပ်ငန်းစံချိန်စံညွှန်း ဒီဇိုင်းပုံစံများနှင့်အညီ အသေးစိတ်ရေးဆွဲ တွက်ချက်တင်ပြရမည် ဖြစ်ပါသည်။

၃။ တင်ဒါတင်သွင်းလိုသည့် ကုမ္ပဏီများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တရား၀င်မှတ်ပုံတင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားပိုင် နာမည်ပျက်စာရင်းတွင် မပါ၀င်သည့် တည်ဆောက်ရေးလုပ်ငန်းကုမ္ပဏီ (သို့မဟုတ်) တည်ဆောက်ရေးလုပ်ငန်း အဖွဲ့အစည်းဖြစ်ရမည်။

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် -           ၉-၄-၂၀၂၀ ရက်

တင်ဒါလျှောက်လွှာနောက်ဆုံးထားရောင်းချမည့်ရက်နှင့် P.O ချက် သွင်းရမည့်အချိန်    -           ၂၂-၅-၂၀၂၀ ရက်၊ ညနေ ၄:၃၀ နာရီ

တင်ဒါဖွင့်ပွဲပြုလုပ်မည့်ရက်နှင့်အချိန်      -  ၂၃-၅-၂၀၂၀ ရက်၊ နံနက် ၁၀ နာရီ
တင်ဒါလျှောက်လွှာ ၀ယ်ယူ/တင်သွင်းရမည့်နေရာ   -           တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရေလမ်း (ဆိပ်ကမ်းသာလမ်းသွယ်)၊ ဆန်းချီရပ်ကွက်၊ ထား၀ယ်မြို့။

 

အသေးစိတ်အချက်အလက်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း ၀၅၉-၂၄၀၆၆၊ ၀၉-၅၃၅၀၆၉၂၊ ၀၉-၂၅၀၄၄၇၅၃၂

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

၉ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us