လမ်း၊ တံတားလုပ်ငန်းများအတွက် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူခြင််း (ချင်းပြည်နယ်)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: April 9, 2020 - April 27, 2020
တည်နေရာ: ချင်းပြည်နယ်
Description
- :

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (တတိယအကြိမ်)
တင်ဒါအမှတ်စဥ် (၃/၂၀၁၉-၂၀၂၀)

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ချင်းပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေနှင့် ပြည်နယ် GRF ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် လမ်းတာချဲ့ခြင်းလုပ်ငန်း၊ လမ်း/တံတားလုပ်ငန်းများအတွက် လိုအပ်သောလုပ်ငန်းသုံးပစ္စည်း (ဘိလပ်မြေ၊ သံချောင်း၊ ကျောက်ရွယ်စုံ၊ ဒီဇယ်ဆီ၊ ဒေသသစ်) များကို သက်ဆိုင်ရာလမ်းပိုင်းအလိုက် သတ်မှတ်နေရာအရောက် မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက်နှင့်အချိန်     -           ၉-၄-၂၀၂၀ ရက်မှ ၂၄-၄-၂၀၂၀ ရက်ထိ (နံနက် ၉:၃၀ နာရီမှ ၁၆: ၃၀ နာရီအထိ)

(ခ) တင်ဒါပုံစံနောက်ဆုံးတင်ရမည့်ရက်နှင့်အချိန်    -           ၂၇-၄-၂၀၂၀ ရက်၊ ညနေ ၁၆:၃၀ နာရီ

(ဂ) တင်ဒါဖွင့်မည့်ရက်နှင့်အချိန်                           -           ၂၉-၄-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီ

(ဃ) တင်ဒါဖွင့်မည့်နေရာ                                    -           ဟားခါးခရိုင်လမ်းဦးစီးရုံး၊ ဟားခါးမြို့

၂။ တင်ဒါလျှောက်လွှာပုံစံများကို သက်ဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးများတွင် ရုံးချိန်အတွင်း စုံစမ်း၀ယ်ယူနိုင်ပါသည်။

ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ-

ဟားခါးခရိုင်       -           ဖုန်း - ၀၉-၄၀၂၅၉၇၃၇၇

ဖလမ်းခရိုင်        -           ဖုန်း - ၀၉-၂၅၇၁၄၄၃၉၁

မင်းတပ်ခရိုင်      -           ဖုန်း - ၀၉-၂၅၀၂၂၇၄၅၀

တင်ဒါကော်မတီ

၁၀ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us