မုံရွာမြို့တွင် Education Hub Center တည်ဆောက်ခြင်းနှင့် ရေကန်သာယာလှပရေးလုပ်ငန်းဆောင်ရွက်ရန် Expression of Interest (EOI) ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: April 20, 2020 - May 20, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ စည်ပင်သာယာရေးကော်မတီပိုင မြေဧက ၁၇ ဒဿမ ၂၅ ဧကပေါ်ရှိ Education Hub Center (မုံရွာ) တည်ဆောက်ခြင်းနှင့် ရေကန်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ (၁၀၀%) ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေးအတွက် ‌ဆောင်ရွက်မည့်လုပ်ငန်းနှင့် ပုံစံများကို စိတ်၀င်စားမှုအဆိုပြုလွှာ (EOI) တင်ပြရန် ကြော်ငြာခေါ်ယူအပ်ပါသည်။

၂။ စိတ်ပါ၀င်စားမှုအဆိုပြုလွှာ တင်သွင်းမည့်ကုမ္ပဏီသည် အဆိုပြုဒီဇိုင်းပုံစံများ၊ အသေးစိတ်စီမံချက်၊ ကွင်းဆင်းလေ့လာချက်စိစစ်ချက်များနှင့်အတူ (Power Point) ဖြင့် ရှင်းလင်းတင်ပြရေး ပြင်ဆင်ဆောင်ရွက်ထားရှိရမည် ဖြစ်ပါသည်။

၃။ စိစစ်ရွေးချယ်ရေးကော်မတီအား မိမ်ိတို့လုပ်ငန်းပုံစံနှင့် ပတ်သတ်၍ သတ်မှတ်ရက်အတွင်း ရှင်းလင်းတင်ပြရမည်ဖြစ်ပါသည်။

၄။ ရွေးချယ်ခံရသည့်အဆိုပြုလွှာများကိုသာ လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။ အဆိုပြုလွှာများကို ၂၀-၅-၂၀၂၀ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထား၍ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ ပေးပို့တင်သွင်းနိုင်ပါသည်။

၆။ စိတ်၀င်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ရယူနိုင်ပါသည်။

(ဖုန်း - ၀၇၁-၂၀၂၂၂၄၈၊ ၀၇၁-၂၀၂၂၈၈၆)

 

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့

မုံရွာမြို့

 

၁၁ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us