ပုံနှိပ်ရေးနှင့် ထုတ်‌ဝေရေးဦးစီးဌာနအတွက် စက္ကူ၊ မင်နှင့် ပုံနှိပ်ရေးပစ္စည်းများ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပုံနှိပ်ထုတ်‌ဝေခြင်း လုပ်ငန်း |
တင်ဒါကာလ: April 22, 2020 - May 12, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်‌ဝေရေးဦးစီးဌာနအတွက် စက္ကူ၊ မင်နှင့် ပုံနှိပ်ရေးပစ္စည်းများအား ပြည်တွင်းကျပ်ငွေဖြင့် အောက်ပါအတိုင်း ၀ယ်ယူလိုပါသည်။

(က) စက္ကူ         (၁၃) မျိုး

(ခ) မင်              (၁၀) မျိုး

(ဂ) ပုံနှိပ်ရေးပစ္စည်း         (၃၃) မျိုး

၂။ အိတ်ဖွင့်တင်ဒါများကို (၂၂-၄-၂၀၂၀) ရက်မှ (၁၂-၅-၂၀၂၀) ရက်အထိ နေ့စဥ်နံနက် ၉ ၃၀ နာရီမှ ၁၆ ၀၀ နာရီအတွင်း ပုံနှိပ်ရေးနှင့် ထုတ်‌ဝေရေးဦးစီးဌာန၊ ပြန်ကြားရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို (၁၈-၅-၂၀၂၀) ရက်တွင် နံနက် ၉ ၃၀ နာရီမှ ၁၆ ၀၀ နာရီအတွင်း ပြန်ကြားရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့၀င်များရှေ့မှောက်၌ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံများ ထုတ်ယူရန်လိပ်စာ -           ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်‌ဝေရေးဦးစီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်၊ ဖုန်း - ၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅

တင်ဒါတင်သွင်းရန်လိပ်စာ           -           ပြည်တွင်း/ပြည်ပပစ္စည်းများ ၀ယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ၊ ပြန်ကြားရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်၊ ဖုန်း - ၀၆၇-၄၁၂၃၇၅၊ ၀၆၇-၄၁၂၃၇၄

 

၂၀ ဧပြီ၊ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us