ရုံးသုံး၊ လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများ ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: April 22, 2020 - May 20, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်‌ဝေရေးဦးစီးဌာနအတွက် ရုံးသုံး၊ လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် အောက်ပါအတိုင်း ၀ယ်ယူလိုပါသည်။

စဥ်ပစ္စည်းအမျိုးအမည်အရေအတွက်
1Desktop Computer6 Nos
2Color Printer4 Nos
3Perforation Machine30 Nos
4Inverter (2KVA)2 Nos
5CCTV2 Sets
6Hand Tools2 Sets

 

၂။ အိတ်ဖွင့်တင်ဒါများကို ၂၂-၄-၂၀၂၀ ရက်မှ ၂၀-၅-၂၀၂၀ ရက်အထိ နေ့စဥ်နံနက် ၉:၃၀ နာရီမှ ညနေ ၁၆:၀၀ နာရီအတွင်း ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်‌ဝေရေးဦးစီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ စျေးနှုန်းမပါသော Specification & Catalogue များကို ၁၅-၅-၂၀၂၀ ရက်တွင်လည်းကောင်း၊ စျေးနှုန်းပါသော Specification & Catalogue များကို ၂၀-၅-၂၀၂၀ ရက်တွင်လည်းကောင်း နံနက် ၉:၃၀ နာရီမှ ၁၆:၀၀ နာရီအတွင်း ပြန်ကြားရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော် ပုံနှိပ်ရေးနှင့် ထုတ်‌ဝေရေးဦးစီးဌာန၊ ထုတ်လုပ်မှုဌာနသို့ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံများ ထုတ်ယူရန်လိပ်စာ -           ပြန်ကြားရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်။

ဖုန်း - ၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅

တင်ဒါတင်သွင်းနိုင်ရန်လိပ်စာ       -           ပြည်တွင်း/ပြည်ပပစ္စည်းများ၀ယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ၊

ပြန်ကြားရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၇)၊ နေပြည်တော်။

ဖုန်း - ၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅

 

၂၂ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us