နေပြည်တော်စည်ပင်သာယာ‌ရေး‌ကော်မတီပိုင် သရက်စိုက်ခင်းများ နှစ်ပြတ်အကျိုးတူဆောင်ရွက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း  

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းများ/ လုပ်ငန်းသုံး ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများ |
တင်ဒါကာလ: April 23, 2020 - April 29, 2020
တည်နေရာ: နေပြည်တော်
Description
- :

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကော်မတီပိုင် သရက်စိုက်ခင်းများ နှစ်ပြတ်အကျိုးတူဆောင်ရွက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာနမှ ကြီးကြပ်ဆောင်ရွက်သော သရက်ခြံ (၄) ခြံ၊ မြေ (၁၈၇.၈၃) ဧကအတွင်း စိုက်ပျိုးထားရှိသည့် စိန်တလုံးသရက်ပင်များမှထွက်ရှိမည့် စိန်တလုံးသရက်သီးများကို ၂၀၂၀ ပြည့်နှစ်၊ သရက်သီးရာသီအတွင်း လက်ရှိမျက်မြင်အအခြေအနေအတိုင်း နှစ်ပြတ်အကျိုးတူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းဆောင်ရွက်လိုသူများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

(က)     တင်ဒါပုံစံရောင်းချမည့်ရက်          -           ၂၃-၄-၂၀၂၀

(ခ)       တင်ဒါလျှောက်လွှာပိတ်မည့်ရက်   -           ၂၉-၄-၂၀၂၀ (၁၆:၀၀) နာရီ

(ဂ)       တင်ဒါပုံစံရောင်းချမည့်နေရာနှင့် ပြန်လည်တင်သွင်းရမည့်နေရာ        -           ထုတ်လုပ်ရေးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ထုတ်လုပ်ရေးဌာန၊ တယ်လီဖုန်းအမှတ် ၀၆၇-၈၁၀၈၀၁၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

ကော်မတီပိုင် သရက်စိုက်ခင်းများ နှစ်ပြတ်အကျိုးတူဆောင်ရွက်ရေး တင်ဒါကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

---Facebook Page---

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us