မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၅) ထပ်ဆောင်နှင့် အပျိုဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ မတူပီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေးပစ္စည်းများ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: April 4, 2020 - May 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

အမှတ်စဥ် (၂/၂၀၂၀) 

 ၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၀) မုံရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာ၀န်ယူတည်ဆောက်မည့် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၅) ထပ်ဆောင်နှင့် ဆေးရုံကြီး၀င်းအတွင်း အပျိုဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ ချင်းပြည်နယ် မင်းတပ်ကောလိပ်ပေါင်းစုလုပ်ငန်းနှင့် မတူပီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်ခြင်းအတွက် လိုအပ်သော တည်ဆောက်ရေးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသည်။

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် -           ၄-၅-၂၀၂၀ ရက်

တင်ဒါလျှောက်လွှာပိတ်ရက်                     -           ဆက်လက်ကြေညာပါမည်။

၂၉.၅.၂၀၂၀ ရက် (၂၃ မေ သတင်းစာ၌ ပြန်လည်ကြေညာ)

တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်                      -           ဆက်လက်ကြေညာပါမည်။

၄.၆.၂၀၂၀ ရက် (၂၃ မေ သတင်းစာ၌ ပြန်လည်ကြေညာ)

တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                    -           ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့။

တင်ဒါဖွင့်ပွဲကျင်းပမည့်အချိန်                    -           နံနက် ၁၀ နာရီ (၂၃ မေ သတင်းစာ၌ ပြန်လည်ကြေညာ)

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အ‌ဆောက်အဦဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ အဆောက်အဦအထူးအဖွဲ့ (၁၀) မုံရွာမြို့တွင် ၄-၅-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းမည့် အသေးစိတ်အချက်အလက်များကို ဖုန်း - ၀၉-၄၅၀၅၄၀၃၇၁၊ ၀၉-၄၀၀၄၀၆၀၆၉၊ ၀၉-၃၁၁၁၆၄၆၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

 

၂၃ ဧပြီ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us