မြိတ်ခရိုင်နှင့် ထား၀ယ်ခရိုင်အတွင်း စီမံကိန်းရုံးများတည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: May 4, 2020 - May 29, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ ဒိန်းမတ်-မြန်မာ စီမံကိန်းရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ထား၀ယ်ခရိုင်အတွင်းရှိ အောက်ပါဒေသများတွင် စီမံကိန်းရုံးများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Lot 1- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြာကျေးရွာအုပ်စု၊ ပန်းဇင်ကျေးရွာတွင် (၄၀'x၆၀'x၁၅') RCC (၁) ထပ် ရေ၊ မီး၊ မိလ္လာ အပါအဝင် အဆောက်အဦ (၁) လုံး

Lot 2 - တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် (၄၀'x ၆၀'x ၁၅') RCC (၁) ထပ် ရေ၊ မီး၊ မိလ္လာ အပါအဝင် အဆောက်အဦ (၁) လုံး

Lot 3 - တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု၊ စမ်းလှမ်းကျေးရွာတွင် (၄၀'x ၆၀'x ၁၅') RCC (၁) ထပ် ရေ၊ မီး၊ မိလ္လာ အပါအဝင် အဆောက်အဦ (၁) လုံး

Lot 4 - တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ပတ္တပ်ကျေးရွာအုပ်စု၊ ကျောက်ပတ္တပ်ကျေးရွာတွင် (၄၀'x ၆၀'x ၁၅') RCC (၁) ထပ် ရေ၊ မီး၊ မိလ္လာ အပါအဝင် အဆောက်အဦ (၁) လုံး

၂။ တင်ဒါပုံစံထုတ်ပေးမည့်ရက်    -           ၄-၅-၂၀၂၀ ရက်မှ ၁၅-၅-၂၀၂၀ ရက်ထိ myosandartun @ gmail.com ဆက်

သွယ်ရန်ဖုန်းနံပါတ် ၀၉-၅၅၀၃၃၄၈ သို ဆက်သွယ်၍ (ရုံးချိန်အတွင်း) ထုတ်ယူနိုင်ပါသည်။

၃။ တင်ဒါတင်သွင်းရမည့်နေရက်  -           ၁၈-၅-၂၀၂၀ ရက်မှ ၂၉-၅-၂၀၂၀ ရက် (၁၆:၀၀) နာရီ အထိ

၄။ တင်ဒါတင်သွင်းရမည့်နေရာ     -           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒိန်းမတ်-မြန်မာ စီမံကိန်းရုံး၊ ရုံးအမှတ် (၃၆)၊ နေပြည်တော် (ရုံးချိန်အတွင်း)။

၅။ သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားပေးမည်မဟုတ်ပါ။

၆။ အ‌သေးစိတ်အချက်အလက်များ သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန၊ ဒိန်းမတ်-မြန်မာရုံး၊ ဖုန်း-၀၉-၄၂၀၀၁၃၄၀၇၊ ၀၉-၅၅၀၃၃၄၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ဒိန်းမတ်-မြန်မာရုံး၊ ငါးလုပ်ငန်းဦးစီးဌာန

 

၁ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us