စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရေပြွန်တံတားတည်ဆောက်ခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: May 7, 2020 - May 29, 2020
တည်နေရာ: နေပြည်တော်
Description
- :

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်းလုပ်ငန်း တင်ဒါခေါ်ယူခြင်း

 ၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ်၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Loan 3724 - & Grant 617 MYA  ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါလုပ်ငန်းများအတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ၍ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

Lot 1    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ ရေပြွန်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ

Lot 2    မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ ရေပြွန်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ

Lot 3    မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း၊ ရေပြွန်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ

၂။ စိတ်ပါ၀င်စားသည့် လုပ်ငန်းရှင်များသည် တင်ဒါစည်းမျဥ်းစည်းကမ်းများ၊ တင်ဒါစာရွက်စာတမ်းများနှင့် အသေးစိတ်သိရှိလိုသည်များကို တင်ဒါကြော်ငြာသည့်ရက်မှစ၍ ၂၉-၅-၂၀၂၀ ရက် (သောကြာနေ့) နောက်ဆုံးထားပြီး ကုမ္ပဏီအမည်၊ လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့နှင့်တကွ အီးမေးလ်လိပ်စာ cfavcproject.drd@gmail.com သို့ စာဖြင့်သော်လည်းကောင်း၊ ဖုန်း - ၀၆၇-၃၄၁၈၆၂၈၊ ၀၆၇-၃၄၁၈၆၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ စုံစမ်းမေးမြန်းတောင်းခံနိုင်ပါသည်။

၃။ တင်ဒါလုပ်ငန်းများနှင့်ပတ်သတ်သည့် ကြိုတင်ရှင်းလင်းခြင်းအား ၂၂-၅-၂၀၂၀ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် Video Conferencing  ဖြင့် စိတ်ပါ၀င်စားသူ လုပ်ငန်းရှင်များ၏ အသေးစိတ်သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါသည်။

၄။ စိတ်ပါ၀င်စားသူလုပ်ငန်းရှင်များသည် နည်းပညာနှင့် ဘဏ္ဍာရေးအဆိုပြုလွှာများကို ပြင်ဆင်ပြုစု၍ မူရင်း (၁) စုံအား ချိပ်ပိတ်စာအိတ်သီးခြားစီဖြင့် ၅-၆-၂၀၂၀ ရက် (သောကြာနေ့) မွန်းလွဲ ၂ နာရီနောက်ဆုံးထား၍ ရုံးအမှတ် (၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည်တော်သို့ တင်သွင်းရမည်ဖြစ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

၇ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us