ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၀ယ်ယူရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ |
တင်ဒါကာလ: May 14, 2020 - June 4, 2020
တည်နေရာ: နေပြည်တော်
Description
- :

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ၊ နေပြည်တော်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မဝန်ကီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများအတွက် အောက်ပါပစ္စည်းများကို ၀ယ်ယူလိုပါသည်။

(က) ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအတွက်

(၁) ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အလုံး - ၉၀

(၂) ရုံးသုံးစက်ပစ္စည်း       -           ၄၁ မျိုး

(၃) ရုံးအသုံးအဆာင်ပစ္စည်း          -           ၂၈ မျိုး

(၄) Camera နှင့်ဆက်စပ်ပစ္စည်း   -           ၂ စုံ

(၅) ရုံးသုံးပရိဘောဂပစ္စည်း          -           ၁၇၂ မျိုး

(၆) Video Conferencing System - ၃ စုံ

(ခ) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အတွက်

(၁) ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အလုံး - ၄၅၀

(၂) ရုံးသုံးစက်ပစ္စည်း (All in one printer) - ၂၂၅ လုံး

(၃) Dot Matrix Printer (Specialized Pass Book Printer) - ၂၀၈ လုံး

(ဂ) Sub-Working Group of SCB Reform ရုံးခန်းအတွက်

(၁) ကွန်ပျူတာနှင့် ရုံးသုံးစက်ပစ္စည်း          -           ၂၂ မျိုး

(၂) ရုံးသုံးပရိဘောဂပစ္စည်း                       -           ၃၆ မျိုး

၂။ ၎င်းပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံအား ၁၄-၅-၂၀၂၀ ရက်တွင် ရုံးအမှတ် (၃၄)၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ၊ နေပြည်တော်၌ အခမဲ့စတင်ထုတ်ပေးမည်ဖြစ်ပြီး ၄-၆-၂၀၂၀ ရက်၊ မွန်းလွဲ ၁၃:၀၀ နာရီ နောက်ဆုံးထား၍ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ တင်ဒါပြန်လည်တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၃။ လူကိုယ်တိုင် တင်ဒါလျှောက်လွှာများ လာရောက်မထုတ်ယူနိုင်ပါက (သို့မဟုတ်) ၀ယ်ယူမည့်ပစ္စည်းများနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက ၀၆၇-၃၄၁၀၅၆၅၊ fsdp.pcu.frd@gmail.com သို ဆက်သွယ်စုံစမ်းရယူ နိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

၉ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us