မန္တလေး၊ ရန်ကုန်နှင့် လားရှိုးမြို့နယ်အတွင်းရှိ ကုန်သွယ်ရေးဦးစီးဌာနပိုင်အခန်းများ အငှားချရန်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: May 11, 2020 - June 10, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အောက်ဖော်ပြပါအခန်း (၇) ခန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅) နှစ်သက်တမ်း၊ (၁) နှစ်တကြိမ် စာချုပ်စနစ်၊ ငှားရမ်းမှုတန်ဖိုး၏ (၁) လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) တို့အား (၁၂) လစာ ကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဥ်ငှားရမ်းခကို (၅%) တိုးမြှင့်၍ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

(က)     Lot (1) မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၃ ၈၄) လမ်းကြား၊ (၂၇) လမ်း၊ အမှတ် ၂၆၇၊ ၀ဲဘက်အခန်း (၁) ခန်း

Lot (2) မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၃ ၈၄) လမ်းကြား၊ (၂၇) လမ်း၊ အမှတ် ၂၆၇၊ ယာဘက်အခန်း (၁) ခန်း

Lot (3) ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၅၅/၅၆)၊ (၂)ခန်းတွဲ အခန်း (၁) ခန်း

Lot (4) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် ၅၄၄၊ အခန်း (၁) ခန်း

Lot (5) ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ကံ့ကော်ရုံ၊ မြို့မစျေး၊ အမှတ် ၄၇၊ အခန်း (၁) ခန်း

Lot (6) ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ကံ့ကော်ရုံ၊ မြို့မစျေး၊ အမှတ် ၄၈၊ အခန်း (၁) ခန်း

Lot (7) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၂၇၄/၂၇၆)၊ (၂) ခန်းတွဲ အခန်း (၁) ခန်း

(ခ) တင်ဒါပုံစံရောင်းချမည့်ရက်    -           ၁၁-၅-၂၀၂၀ ရက်မှ ၁၀-၆-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

(ဂ) တင်ဒါပိတ်မည့်ရက်/အချိန်     -           ၁၀-၆-၂၀၂၀ ရက် ၊ ၁၅:၀၀ နာရီ

(ဃ) တင်ဒါပုံစံ‌ရောင်းချမည့်နေရာ -           စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်

(င) တင်ဒါတင်သွင်းဖွင့်ဖောက်မည့်နေရာ   -           စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်

(စ) တင်ဒါတင်သွင်းဖွင့်ဖောက်မည့်ရက်အား တင်ဒါပုံစံ၀ယ်ယူသူများသို့ သီခြားထပ်မံအကြောင်းကြားပါမည်။

၂။ တင်ဒါဖွင့်ဖောက်မည့်ရက်တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ၀န်ကြီးဌာနမှ၊ တင်ဒါကော်မတီ၏ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါပုံးတွင် ထည့်သွင်းယှဥ်ပြိုင်ရမည်ဖြစ်ပါသည်။

၃။ ကုန်သွယ်ရေးဦးစီးဌာနမှ ငှားရမ်းမည့်အခန်းများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်သို့ သွား‌ရောက်ကြည့်ရှုနိုင်ပြီး အ‌သေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံရောင်းချမည့်နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း - ၀၆၇-၃၄၀၈၄၁၀ သို့ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

၉ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

တင်ဒါစိစစ်ရေးအဖွဲ့

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us