မုံရွာမြို့အထွေထွေရောဂါကုဆေးရုံကြီး၀င်းအတွင်းရှိ အဆောင်ဟောင်းများဖျက်သိမ်းရောင်းချရန် လေလံခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: May 11, 2020 - May 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၊ မုံရွာမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင် - ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး) ၀င်းအတွင်းရှိ ဖျားနာဆေးကုသဆောင် (ဟောင်း) (၂၀၀ပေ x ၄၀ပေ x ၂၃ပေ) နှစ်ထပ်အဆောက်အအုံ၊ ဆေးရုံအုပ်ကြီးရုံး (ဟောင်း) (၈၈ပေ x ၅၂ပေ x ၁၂ ပေ) တထပ်အဆောက်အအုံနှင့် ဆယ်တင်ပစ္စည်း (သစ်သားဟောင်းများ) ကို မျက်မြင်အခြေအနေအတိုင်း လေလံတင်ရောင်းချမည်ဖြစ်ပါသဖြင့် ၀ယ်ယူလိုသော တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်များအား လေလံတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) လေလံတင်ရောင်းချမည့်ရက်            -           ၁၁-၅-၂၀၂၀ ရက် (တနင်္လာနေ့)

(ခ)  လေလံလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်      -           ၂၉-၅-၂၀၂၀ ရက် (သောကြာနေ့)

(ဂ)  လေလံလျှောက်လွှာ တင်သွင်းရမည့်နေရာ                  -           အထွေထွေရောဂါကုဆေးရုံကြီး၊ မုံရွာမြို့။

၂။ လေလံလျှောက်လွှာများကို ဆေးရုံအုပ်ကြီးရုံး၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မုံရွာမြို့တွင် ရုံးချိန်အတွင်း လာရောက်၀ယ်ယူနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လေလံအသေးစိတ်အချက်အလက်များကို သိရှိလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၇၁-၂၃၂၄၅ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

လေလံတင်ရောင်းချရေးကော်မတီ

 

၁၀ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us