စက်ယန္တရား (၈) စီးနှင့် မော်တော်ယာဥ် (၈) စီးတို့အား ရောင်းချခြင်း (ဒုတိယအကြိမ်)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ယန္တယား ငှားရမ်းခြင်းနှင့် ရောင်းဝယ်ခြင်း လုပ်ငန်း |
တင်ဒါကာလ: May 18, 2020 - June 17, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

ကယားပြည်နယ် အစိုးရအဖွဲ့ပိုင် လိုင်စင်ရှိ အသုံးပြုနိုင်သော အောက်ပါစက်ယန္တရား (၈) စီးနှင့် မော်တော်ယာဥ် (၈) စီးတို့အား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားများအား သတ်မှတ်ချက်နှင့်အညီ တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

စဥ်ပစ္စည်းအမျိုးအမည်အရေအတွက်
(က)Kobelco Hydraulic Excavator (21 Ton)၂ စီး
(ခ)Kobelco Mini Excavator (3.5 Ton)၂ စီး
(ဂ)Dynapac Vivratory Roller (12 Ton)၄ စီး
(ဃ)SKAT Dump Truck (3 Ton)၈ စီး

၂။         အိတ်ဖွင့်တင်ဒါပုံစံစတင်ရောင်းချမည့် ရက်/အချိန်   -           ၁၈-၅-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီ

အိတ်ဖွင့်တင်ဒါပိတ်မည့် ရက်/အချိန်                       -             ၁၇-၆-၂၀၂၀ ရက် ၊ မွန်းလွဲ ၁၆:၃၀ နာရီ
အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ                       -           ကယားပြည်နယ်အစိုးရအဖွဲ့ရုံး (လွိုင်ကော်မြို့)

တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်/နေရာ                     -           ၁၈-၆-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီ

ပြည်နယ်အစိုးရအဖွဲ့ရုံး (လွိုင်ကော်မြို့)

၃။        အသေးစိတ်သိရှိလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ ရုံးချိန်အတွင်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဖုန်း ၀၈၃-၂၂၂၃၀၁၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

လွိုင်ကော်မြို့

၁၃ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us