Oracle EBS Financial and Budgeting , Fixed Assets and Account Payable Functions အတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

May 14, 2020
Views: 100
Tender ID: 7098
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း |
တင်ဒါကာလ: May 18, 2020 - June 22, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် PSDP Project အောက်တွင် Oracle EBS Financial and Budgeting , Fixed Assets and Account Payable Functions အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါစည်းကမ်းချက်များပါ၀င်သော အိတ်ဖွင့်တင်ဒါပုံစံကို ၁၈-၅-၂၀၂၀ ရက်မှ ၂၈-၅-၂၀၂၀ ရက်အထိ ရုံးဖွင့်ရက်များအတွင်း အောက်ဖော်ပြပါလိပ်စာများတွင် ဆက်သွယ်စုံစမ်း၀ယ်ယူနိုင်ပါသည်။ တ်ငဒါဖွင့်ဖောက်ခြင်းအား ၂၂-၆-၂၀၂၀ ရက် မွန်းလွဲ ၂ နာရီတွင် Video Conferencing  ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၂၂-၆၂၀၂၀ ရက်၊ မွန်းလွဲ ၂ နာရီမတိုင်မီ နောက်ဆုံးထား၍ ရောက်ရှိစေရန် စာတိုက်(သို့မဟုတ်) အမြန်ချောပို့မှတဆင့် ရုံးအမှတ် (၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်‌တော်သို့ လိပ်မူ၍ တင်သွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ)

၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေးအဖြစ် (၃) လသက်တမ်းရှိသော Bank Gurantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ ချိပ်ပိတ်၍ စာတိုက်မှမှတ်ပုံတင်ခြင်း (သို့မဟုတ်) အမြန်ချောပို့မှတဆင့် တင်သွင်းရပါမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံး၀လက်ခံမည်မဟုတ်ပါ)။

၅။ ဆက်သွယ်၀ယ်ယူရန်လိပ်စာများမှာ-

(က) ဒေါ်ငြိမ်းငြိမ်းမြင့် ၊ ညွှန်ကြားရေးမှူး၊ စာရင်းဌာန၊

ဖုန်း - ၀၆၇-၃၄၁၈၅၁၆၊ ၀၁-၈၆၀၅၀၉၂၊ nyeinnyeinmyint@cbm.gov.mm

(ခ) ဦးရင်သောင်း၊ ညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (နေပြည်တော်)

ဖုန်း - ၀၆၇-၃၄၁၈၅၉၅၊ ၀၆၇-၃၄၁၈၂၉၃၊  yinthaung@cbm.gov.mm

(ဂ) ဒေါခင်နွဲ့အောင်၊ ညွှန်ကြားရေးမှူး၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (ရန်ကုန်)

ဖုန်း - ၀၁-၉၅၄၃၅၃၆၊ ၀၁-၉၅၄၃၇၇၀  khinnwetaung@cbm.gov.mm

 

၁၄ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us