မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေရရှိရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: May 18, 2020 - June 2, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 ၁။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ အောက်ဖော်ပြပါ ကျေးလက်ဒေသသောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါဖိတ်ခေါ်အပ်ပါသည်။

(က) တွင်းနက် (ရေစက်ရုံ၊ ရေစင်၊ ရေကန်များအပါအ၀င်)                                           (၈) တွင်း

(ခ) တွင်းတိမ် (ရေစက်ရုံ၊ ရေစင်၊ ရေကန်ရေပိုက်သွယ်တန်းခြင်းများအပါအ၀င်)          (၃) တွင်း

(ဂ) မြေသားရေကန်အနက်နှိုက်တူးဖော်ြခင်း                                                               (၂) ကန်

(ဃ) မြေသားရေကန်ပြုပြင်တူးဖော်ခြင်း၊ (ခြံစည်းရိုးကာရံခြင်း၊ တုံကင်တပ်ဆင်ခြင်း)   (၆) ကန်

၂။ တင်ဒါလျှောက်လွှာပုံစံများကို ၁၈-၅-၂၀၂၀ ရက်မှ ၂၉-၅-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ၂-၆-၂၀၂၀ ရက်၊ ညနေ ၄:၃၀ နာရီ နောက်ဆုံးထားတင်သွင်းရန် ဖြစ်ပါသည်။

၃။ တင်ဒါလျှောက်လွှာရောင်းချမည့်လိပ်စာနှင့် ပြန်လည်တင်သွင်းရမည့်လိပ်စာမှာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အကွက်အမှတ် ၀၁-၀၁/၁၆၈ လမ်း၊ နတ်ရေကန်အုပ်စု (စွယ်တော်ဘုရားအရှေ့မုခ်လမ်း) အမရပူရမြို့ဖြစ်ပါသည်။

၄။ အသေးစိတ်သိရှိလိုသော အချက်အလက်များအား ၁၈-၅-၂၀၂၀ ရက်မှစ၍ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဖုန်း - ၀၂-၅၁၅၅၁၄၉ နှင့် ၀၂-၅၁၅၅၁၄၈ သို့လည်‌ကောင်း၊ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးများသို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

၁၄ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us