Data Center Office ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: May 21, 2020 - June 15, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တို့တွင် ဆက်စပ်တည်ဆောက်မည့် မဲခေါင်-လန်ချန်းပူး‌ပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်) နေပြည်တော်တွင် Data Center Office ပေ (၅၀ x ၃၅ x ၂၄) သွပ်မိုး၊ RC (၂) ထပ်၊ (ရေ၊ မီး၊ မိလ္လာအပါအ၀င်) အဆောက်အဦ (၁) လုံးအား ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။

၂။ တင်ဒါလျှောက်လွှာများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်) ၊ ရုံးအမှတ် (၁၅)၊ နေပြည်တော်တွင် ၂၁-၅-၂၀၂၀ ရက်မှစ၍ ၀ယ်ယူနိုင်ပြီး ၁၅-၆-၂၀၂၀ ရက်၊ ညနေ ၁၆:၀၀ နာရီတွင် တင်ဒါပိတ်သိမ်းပါမည်။

၃။ သတ်မှတ်တင်ဒါလျှောက်လွှာပုံစံကိုသာ အသုံးပြုလျှောက်ထားရန်ဖြစ်ပြီး အခြားလျှောက်လွှာပုံစံများကို အသုံးပြုခြင်း၊ သတ်မှတ်တင်ဒါပုံစံကို ပြည့်စုံစွာဖြည့်စွက်ထားခြင်းမရှိသော တင်ဒါပုံစံများကို ရွေးချယ်မှုပြုမည်မဟုတ်ပါ။

၄။ တင်ဒါပုံစံ၀ယ်ယူခြင်းအပါအ၀င် တင်ဒါခေါ်ယူသည့် အဆောက်အဦ၏ အသေးစိတ်အချက်အလက်များ စည်းကမ်းချက်များနှင့်ပတ်သတ်၍ အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါခေါ်ယူရေးနှင့် စိစစ်လက်ခံရေးကော်မတီ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

ရုံးအမှတ် (၁၅)၊ နေပြည်တော်

ဖုန်း - ၀၆၇-၄၁၀၆၅၆၊ ၀၆၇-၄၁၀၁၃၆၊ ၀၆၇-၄၁၀၁၂၇

 

၁၅ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us