ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများတည်ဆောက်နိုင်ရန်အတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း၊ ဓာတ်အားပေး လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ |
တင်ဒါကာလ: May 18, 2020 - June 18, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

၁။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် (၁၁/၀.၄) ကေဗွီ ဓာတ်အားခွဲရုံများနှင့် (၁၁) ကေဗွီဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန်အတွက် လိုအပ်သောပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်     -           ၁၈-၅-၂၀၂၀ ရက် (တနင်္လာနေ့)

(ခ) တင်ဒါပုံစံရောင်းချမှု ပိတ်သိမ်းမည့်ရက် -           ၁၈-၆-၂၀၂၀ ၊ ၁၆:၀၀ နာရီ

(ဂ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်   -           ၁၈-၆-၂၀၂၀၊ ၁၆:၀၀ နာရီ

၂။ သတ်မှတ်အချိန်/ရက်ထက် ကျော်လွန်တင်သွင်းလာသည့် လျှောက်လွှာများကို လက်ခံစဥ်းစားမည် မဟုတ်ပါ။

၃။ အသေးစိတ်အချက်အလက်များ စုံစမ်းခြင်း၊ တင်ဒါလျှောက်လွှာ၀ယ်ယူခြင်းများကို မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး၊ အင်ဂျင်နီယာဌာန၊ ဖုန်း ၀၆၃-၂၀၂၀၅၈၀၉ သို့ ရုံးချိန်အတွင်း ၀ယ်ယူဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

 

 

၁၅ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us