CCTV ကင်မရာများ၊ AI နည်းပညာ၊ System နှင့် Server များပါ၀င်သည့် Safe City Project ဆောင်ရွက်ရန် Swiss Challenge ဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: SWISS CHALLENGE
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: May 15, 2020 - June 15, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် CCTV ကင်မရာများ၊ AI နည်းပညာ၊ System နှင့် Server များပါ၀င်သည့် Safe City Project ဆောင်ရွက်ရန် Swiss Challenge ကို အောက်ပါအစီအစဥ်အတိုင်း ခေါ်ယူမည်ဖြစ်ပါသည်။

(က) စီမံကိန်းအဆိုပြုလွှာ စတင်ရောင်းချမည့်ရက်  -           ၁၅-၅-၂၀၂၀ ရက်

(ခ) စီံမံကိန်းအဆိုပြုလွှာ လျှောက်လွှာပိတ်မည့်ရက် -           ၂၂-၅-၂၀၂၀ ရက်

(ဂ) စီမံကိန်းအဆိုပြုလွှာ လျှောက်လွှာတင်သွင်းရမည့်ရက်   -           ၁၅-၆-၂၀၂၀ ရက်

(ဃ) စီမံကိန်းအဆိုပြုလွှာ တင်သွင်းရမည့်နေရာ                 -           လမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်း ၃၀၊ ၇၀ x ၇၁ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

၂။ စီမံကိန်းနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက လမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ဖုန်း ၀၂-၄၀၃၉၁၈၆၊ ၀၉-၄၂၀၇၀၃၈၆၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

၁၅ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us