Multipurpose Shelter (၂) လုံး ဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: May 15, 2020 - June 5, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကလန်ချောင်းကျေးရွာနှင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာတို့တွင် (၆၀ x ၆၀ x ၂၄) ပေ၊ ၃၆၀၀ စတုရန်းပေရှိ (သံကူကွန်ကရစ်တထပ်) ဘက်စုံသုံး ဘေးဒဏ်ခိုလှုံရန် အဆောက်အအုံ (Multipurpose Shelter) (၂) လုံး ဆောက်လုပ်ရန် တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ပါ၍ Cyclone Shelter များ ဆောက်လုပ်သည့် အတွေ့အကြုံရှိသော ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများ ၀င်ရောက်ယှဥ်ပြိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်     -           ၁၅-၅-၂၀၂၀ ရက်

(ခ) တင်ဒါပုံစံ အရောင်းပိတ်မည့်ရက်        -           ၅-၆-၂၀၂၀ ရက်

(ဂ) တင်ဒါပုံစံ (၁) စောင် စျေးနှုန်း             -           တသောင်းကျပ်တိတိ

(ဃ) တင်ဒါပုံစံနှင့် စတင်လက်ခံမည့်ရက်   -           ၂၅-၅-၂၀၂၀ ရက်

(င) တင်ဒါပုံစံနောက်ဆုံးတင်သွင်းရမည့်ရက်          -           ၅-၆-၂၀၂၀ ရက်

(စ) တင်ဒါပုံစံရောင်းချမည့်နေရာ              -           ဘေးအန္တရာယ်စီမံခန့်ခွဲ့မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဆိပ်ကမ်းသာလမ်း၊ ဆန်းချီရပ်ကွက်သစ်ရပ်၊ ထား၀ယ်မြို့၊ ဖုန်း ၀၅၉-၂၃၅၇၆၊ ၂၄၀၂၀

၂။ တင်ဒါလမ်းညွှန်ချက်နှင့် ပုံစံများကို အထက်ဖော်ပြပါ တင်ဒါပုံစံရောင်းချမည့်နေရာတွင် ၁၅-၅-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း - ၀၅၉-၂၃၅၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့

 

၁၅ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us