CCTV တပ်ဆင်ခြင်းလုပ်ငန်းနှင့် CCTV Control Room ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူခြင်း

May 16, 2020
Views: 109
Tender ID: 7149
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: May 18, 2020 - June 16, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမိုင်တိုင်အမှတ် (၀/၀) မှ (၂၆/၄) ထိ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ နယ်နမိတ်ဆုံးလမ်းဘေး (အမြန်လမ်း ၀ဲ/ယာ) တလျှောက်တွင် CCTV တပ်ဆင်မည့်နေရာ ခုနှစ်နေရာနှင့် တပ်ဆင်သည့် CCTV Camera များ တိုက်ရိုက်ကြည့်ရှုထိန်းချုပ်နိုင်မည့် CCTV အထိုင်စက် (Control Room) အား နေရာသုံးနေရာတွင် LCD Monitor တလုံးစီနှင့် Control တပ်ဆင်ရန်အတွက် စိတ်ပါ၀င်စားသူ ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါပုံစံရောင်းချမည့်နေရာ            -           ဒဂုံမြို့နယ်၊ ပြည်လမ်းလွှတ်တော်၀င်းအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲထောက်ဌာန

(ခ) တင်ဒါပုံစံရောင်းချမည့်ရက်              -           ၁၈-၅-၂၀၂၀ ရက်

(ဂ) တင်ဒါပုံစံပိတ်မည့်ရက်                 -           ၁၆.၆.၂၀၂၀ ရက်၊ ၁၆:၀၀ နာရီ

(ဃ) တင်ဒါပုံစံတင်သွင်းရမည့်ရက်           -           ၁၇.၆.၂၀၂၀ ရက်၊ ၁၆:၀၀ နာရီ

၂။ အထက်ဖော်ပြပါ CCTV Camera များ တပ်ဆင်ခြင်းလုပ်ငန်းအား စိတ်ပါ၀င်စားသူ ပြည်တွင်းလုပ်ငန်းရှင်/ကုမ္ပဏီများမှ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၁-၈၃၁၇၅၂၀၊ ၀၁-၈၃၁၇၅၂၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူရေးအဖွဲ့

၁၆ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us