ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း |
တင်ဒါကာလ: June 15, 2020 - June 26, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဧရာ၀တီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဥ်၏ ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းကို ပြင်ပပုဂ္ဂလိက ၀န်ဆောင်မှုအဖွဲ့အစည်းများထံသို့ လုပ်ငန်းအပ်နှံ‌ဆောင်ရွက်မည်ဖြစ်ပါသဖြင့် စိတ်ပါ၀င်စားသော ငွေကြေးလွှဲ‌ပြောင်းခြင်းဆိုင်ရာ် ၀န်ဆောင်မှုအဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်း၀ယ်ယူနိုင်ပါသည်။

တင်ဒါပုံစံရောင်းချမည့်နေရာနှင့် အဆိုပြုလွှာတင်သွင်းရမည့်နေရာ   -           လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ၊ လူမှူ၀န်ထမ်းဦးစီးဌာန၊ ရုံးအမှတ် (၂၃) ၊ နေပြည်တော်

တင်ဒါပုံစံရောင်းချမည့်ရက်                                                               -           ၁၅-၆-၂၀၂၀ ရက်မှ ၁၉-၆-၂၀၂၀ ရက်အထိ

တင်ဒါအဆိုပြုလွှာတင်သွင်းရမည့် ရက်နှင့်အချိန်     -           ၂၂-၆-၂၀၂၀ ရက်မှ ၂၆-၆-၂၀၂၀ ရက်အထိ ၊ ရုံးချိန်အတွင်း

၃။ တင်ဒါကြော်ငြာပုံစံကို လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www.dsv.gov.mm တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

လူမှု၀န်ထမ်းဦးစီးဌာန

ရုံးအမှတ် (၂၃) ၊ နေပြည်တော်

ဖုန်း - ၀၆၇-၃၄၀၄၅၈၃

 

 

၁၆ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us