ကျောက်ကြီး၊ ခွဲကျောက်၊ သဲ၊ ဘိလပ်မြေ သယ်/ပို့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သယ်ယူပို့ဆောင်ရေး လုပ်ငန်း |
တင်ဒါကာလ: May 16, 2020 - May 29, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေ (ADSP) ဖြင့် ဆောင်ရွက်သည့် ဇီးတောရေလွှဲဆည် ဆည်ရေသောက်စနစ် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအတွက် လိုအပ်သောကျောက်ကြီး ၃၀၀ ဒဿမ ၅ ကျင်း၊ ခွဲကျောက် ၈၃ ဒဿမ ၇၅ ကျင်း၊ သဲ ၂၂၅ ကျင်းနှင့် ဘိလပ်မြေ သယ်/ပို့ခြင်း ၂၃၉၁ ဒဿမ ၅ တန်အား ၁၆-၅-၂၀၂၀ ရက်မှစ၍ မြန်မာကျပ်ငွေ စျေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူလိုပါသည်။

၂။ တင်ဒါလျှောက်လွှာပုံစံများအား လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၁၆-၅-၂၀၂၀ ရက်မှစတင်၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

၃။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၆-၂၀၅၀၂၃၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(က) တင်ဒါလျှောက်လွှာရယူရမည့်ရက်                    -           ၁၆-၅-၂၀၂၀ ရက်မှ ၂၉-၅-၂၀၂၀ ရက်ထိ

(ခ) တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်/အချိန်    -           ၂၉-၅-၂၀၂၀ ရက်၊ ၁၆:၃၀ နာရီ

(ဂ) တင်ဒါဖွင့်မည့်ရက်                                             -           ၃၀-၅-၂၀၂၀ ရက်

(ဃ) တင်ဒါဖွင့်မည့်နေရာ            -           လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့။

မှတ်ချက်။ ။ တင်ဒါဖွင့်မည့်ရက် အပြောင်းအလဲရှိပါက ထပ်မံကြော်ငြာပါမည်။

 

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန

ကျောက်ဆည်ခရိုင်၊ မန္တလေးတိုင်းဒေသကြီး

 

၁၆ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us