နေပြည်တော်ပုဗ္ဗသီရိစျေး လျာထားမြေနေရာတွင် ပွဲရုံဆိုင်ခန်းများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအတွက် EOI ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: May 20, 2020 - June 5, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာန၏ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပုဗ္ဗသီရိစျေး ညစျေးတောင်ဘက်ရှိ မြေကွက်လပ်တွင် ပွဲရုံဆိုင်ခန်း (၂၀’ x ၅၂’) ၊ ဆိုင်ခန်း (၄) ခန်းတွဲ အဆောက်အဦ (၆) လုံး ပွဲရုံဆိုင်ခန်း (၂၄) ခန်း တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါ၍ လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest – EOI) ခေါ်ယူဖိတ်ခေါ်အပ်ပါသည်။ စိတ်ပါ၀င်စားသည့် လုပ်ငန်းရှင်/ ကုမ္ပဏီများအနေဖြင့် စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest – EOI) အဆိုပြုလွှာများအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနရုံးသို့ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်၊ ညနေ (၁၅:၃၀) နာရီ (မြန်မာစံတော်ချိန်) အ‌ရောက်အချိန်မီ တင်သွင်းရပါမည်။

၂။ (Expression of Interest – EOI) Form အဆိုပြုလွှာပုံစံနှင့် လမ်းညွှန်ချက်များ ရုံးချိန်အတွင်း စျေးများဌာန၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၄၂၉၃၊ ၀၆၇-၃၄၁၄၁၆၈ များသို့ ဆက်သွယ်ရယူနိုင်ပြီး လာရောက်ထုတ်ယူစဥ် မိမိတို့၏ ကုမ္ပဏီဆိုင်ရာအထောက်အထား မိတ္တူများပြလျက် အထက်ပါလိပ်စာတွင် (၂၀-၅-၂၀၂၀) ရက်နေ့မှ စတင်ထုတ်ယူနိုင်ပါသည်။

တင်ဒါကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

15 May 2020, Facebook Page

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us