ရုံးသုံးစက်ပစ္စည်းအဟောင်းများ လေလံခေါ်ယူရောင်းချခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ |
တင်ဒါကာလ: May 18, 2020 - May 29, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးရုံး (မွေး‌ရေ/ကျေးလက်) မှ ပြုပြင်သုံးစွဲ၍ မရတော့သည့် ရုံးသုံးစက်ပစ္စည်းအဟောင်း ကွန်ပျူတာပစ္စည်း (၁၅) လုံး၊ Duplication (RD-2000) (၁) လုံး၊ Fax (၁) လုံး၊ Printer (၆) လုံး၊ Air conditioner (၆) လုံး၊ UPS (၁၅) လုံးနှင့် လက်နှိပ်စက် (၇) လုံးအား မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့်တင်ဒါစနစ် (မြန်မာကျပ်ငွေ) ဖြင့် ရောင်းချမည်ဖြစ်ပါသည်။

၂။ အသေးစိတ်အချက်အလက်၊ စျေးနှုန်းတင်သွင်းလွှာ၊ စည်းကမ်းချက်များကို (၁၈-၅-၂၀၂၀) ရက်နေ့မှ (၂၉-၅-၂၀၂၀) ရက်နေ့အထိ ရုံးချိန်အတွင်း ရုံးအမှတ် (၃၆)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးရုံး (မွေး‌ရေ/ကျေးလက်)၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲတွင် ၀ယ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါဖြင့်ရောင်းချမည့် ရုံးသုံးစက်ပစ္စည်းအဟောင်းများအား ရုံးအမှတ် (၃၆)၊ နေပြည်တော်တွင် မျက်မြင်ကြည့်ရှုနိုင်ပြီး ၃-၆-၂၀၂၀ ရက်နေ့ (၁၄:၀၀) နာရီချိန်တွင် အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည်ဖြစ်ပါ၍ (၁၃:၀၀) နာရီချိန်တွင် အာမခံငွေနှင့် အဆိုပြုလွှာအား နောက်ဆုံးထား၍ လက်ခံဆောင်ရွက်မည်ဖြစ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၆၇-၄၁၈၅၄၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

15 May 2020, Facebook Page

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us