ရန်ကုန်ပညာရေးတက္ကသိုလ် ပြည်ဆောင်နှင့် တကောင်းဆောင်များကို အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

May 19, 2020
Views: 103
Tender ID: 7196
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: May 19, 2020 - June 15, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ၁၂-၁၂-၂၀၁၉ ရက်တွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပြည်၊ တကောင်းဆောင်များ  Renovation အတွက် တင်ဒါခေါ်ယူခြင်းတွင် လုပ်ငန်းများညှိုနှုင်းနေ၍ တင်ဒါလျှောက်လွှာများ မရောင်းချခဲ့ခြင်းကြောင့် နောက်ဆုံးတင်ဒါလျှောက်လွှာတင်သွင်းရမည့် နေ့ရက် ၁၀-၁-၂၀၂၀ ရက်နေ့၊ ညနေ (၄:၃၀) နာရီအထိ ခေါ်ယူခဲ့ခြင်းအား အောက်ပါအတိုင်း ထပ်မံခေါ်ယူလိုက်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ၁၉-၅-၂၀၂၀ ရက်နေ့မှစတင်၍ ရောင်းချမည်ဖြစ်ပြီး ၁၅-၆-၂၀၂၀ ရက် ညနေ (၄: ၃၀) နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများကို တင်သွင်းရမည်ဖြစ်ပါသည်။

၃။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

စဥ်လုပ်ငန်းအမည်မှတ်ချက်
ပြည်ဆောင်အကြီးစားမွမ်းမံခြင်း (Renovation) ပြုလုပ်ခြင်း (၁၉၇၄၆ Sqft)အမိုးနှင့်လျှပ်စစ်
တကောင်းဆောင်အကြီးစားမွမ်းမံခြင်း (Renovation) ပြုလုပ်ခြင်း (၁၉၇၄၆ Sqft)အမိုးနှင့်လျှပ်စစ်

၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ဘဏ္ဍာရေးဌာနတွင် ကျသင့်ငွေပေးသွင်းပြီး ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့်လုပ်ငန်း အမျိုးအစားအားလုံး တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတခုချင်း တင်သွင်းရမည် ဖြစ်ပါသည်။

၅။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသော အချက်များရှိပါက ဖုန်းနံပါတ် ၀၁-၅၂၇၀၇၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါရွေးချယ်ရေးကော်မတီ

 

၁၉ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us