စျေးရုံ (၁) ရုံတည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: May 20, 2020 - June 5, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

သယံဇာတ၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး၀န်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

 ၁။ ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေတာရှည်မြို့မစျေးအနောက်ဘက်လမ်းဘေးမြေနေရာတွင် စျေးရုံ (၁) ရုံ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာ (ကျပ်) ငွေဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါအဆိုပြုလွှာရောင်းမည့်ရက်                        -           ၂၀-၅-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ

တင်ဒါအဆိုပြုလွှာနောက်ဆုံးတင်သွင်းရမည့်ရက်    -           ၅-၆-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ ၃၀ နာရီ

တင်ဒါဖွင့်လှစ်မည့်ရက်                                        -           ၁၂-၆-၂၀၂၀ ရက် (သောကြာနေ့)၊ နံနက် ၁၀ နာရီ
တင်ဒါဖွင့်လှစ်မည့်နေရာ                                      -           မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ရေတာရှည်မြို့။

၂။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ၂၀-၅-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း လာ‌ရောက်၀ယ်ယူတင်သွင်းနိုင်ပါသည်။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရေးကော်မတီ

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရေတာရှည်မြို့

ဖုန်း - ၀၅၄-၈၀၀၀၇၊ ၀၉-၄၂၈၁၂၆၄၁၉

 

၂၀ မေ ၂၀၂၀ ပြည့်နှစ်ထုတ်  မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us