အမှတ်(၁) သတ္တုတွင်းလုပ်ငန်းမှ Cathode Copper နှင့် အခြားသတ္တုများ ရောင်းချရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတ္တုတွင်းလုပ်ငန်း |
တင်ဒါကာလ: May 25, 2020 - June 25, 2020
တည်နေရာ: နေပြည်တော်
Description
- :

အိတ်ဖွင့်တင်ဒါအမှတ်စဥ် - ၂/၂၀၂၀ ခေါ်ယူခြင်း

၁။ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ အောက်ပါသတ္တုပစ္စည်းများကို အမေရိကန်ဒေါ်လာဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ပါသည်။

(က)     ကတ်သုတ်ကြေးနီ (၇၀၀၀) မက်ထရစ်တန် (၂၆) Lot

Group (1)         (1) Lot  လျှင် (၁၀၀) တန်စီဖြင့် (5) Lot                 မုံရွာ၊ Mine Site

Group (2)         (1) Lot  လျှင် (၂၀၀) တန်စီဖြင့် (10) Lot                           ။

Group (3)         (1) Lot  လျှင် (၃၀၀) တန်စီဖြင့် (5) Lot                             ။

Group (4)         (1) Lot  လျှင် (၅၀၀) တန်စီဖြင့် (6) Lot                             ။

ကတ်သုတ်ကြေးနီ၏ ကြမ်းခင်းစျေးကို တင်ဒါဖွင့်သည့်နေ့တွင်ရှိမည့် London Metal Exchange ကမ္ဘာ့သတ္တုပေါက်စျေးနှုန်းပါ ကတ်သုတ်ကြေးနီတစ်တန်‌စျေးနှုန်း (Unknown Price) အပေါ်တွင် အခြေခံ၍ Premium အများဆုံးပေးပြီး သယ်ယူခ၊ တင်ချခစရိတ်များအတွက် ကုန်ကျစရိတ်အား အနည်းဆုံးပေးသွင်းနိုင်သည့် (LME + Premium) အပေါ် သယ်ယူစရိတ်ခုနှိမ်) ကုမ္ပဏီအား တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည်။

(ခ)       Smelter Slag (၆၀၀၀၀) မက်ထရစ်တန်

(1) Lot လျှင် (၁၀၀၀၀) တန်စီဖြင့်                         (6) Lot                          နမ္မတူသတ္တုတွင်း ၊ နမ္မတူမြို့

(ဂ)       Mill Talling (၇၀၀၀) တန်                                   (1) Lot                          နမ္မတူသတ္တုတွင်း၊ နမ္မတူမြို့

(ဃ)     ခနောက်စိမ်းသတ္တုရိုင်း                                        ၃ တန်                           တောင်ငူမြို့

(င)       ခဲသတ္တုရောရာ သတ္တုရိုင်း                                     ၇.၃၅ တန်                     မန္တလေးရုံးခွဲ

(စ)       အင်ကြင်းကျောက်၊ သလင်းကျောက်အရိုင်းများ       ၃.၈၃၅ တန်                   မန္တလေးရုံးခွဲ၊ လားရှိုးရုံးခွဲ

(ဆ)     ခဲသတ္တုရောရာ သတ္တုရိုင်း                                     ၁.၇၅၇ တန်                   မြိတ်မြို့၊  သတလ (၂)၊ သိုလှောင်ရုံ

၂။ တင်ဒါပိတ်ရက်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၅ ရက် ၁၄:၀၀ နာရီဖြစ်ပြီး ၁၅:၀၀ နာရီတွင် အိတ်ဖွင့်တင်ဒါများ ဖွင့်ဖောက်မည်ဖြစ်ပါသည်။

၃။ တင်ဒါပုံစံများနှင့် အသေးစိတ်သိရှိလိုသော အချက်အလက်များကို နေပြည်တော်၊ ရုံးအမှတ် (၁၉)၊ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ ဖြည့်တင်းထိန်းသိမ်းရေးနှင့် ၀ယ်ယူရောင်းချရေးဌာနခွဲ၊ ဖုန်း - ၀၆၇-၃၄၀၉၁၆၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ရယူနိုင်ပါသည်။

တင်ဒါကော်မတီ

အမှတ် (၁) သတ္တုတွင်းလုပ်ငန်း

 

Contact Information
Phone: 067-3409162
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us