တောင်ကြီးမြို့နှင့် လားရှိုးမြို့များတွင် မြို့တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

May 26, 2020
Views: 201
Tender ID: 7294
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: May 27, 2020 - June 26, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနကွပ်ကဲမှုအောက်ရှိ တောင်ကြီးမြို့နယ်နှင့် လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနများ၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ (Open Tender) တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

Lot-1  -        တောင်ကြီးမြို့၊ အရှေ့မြို့ပတ်အဆင့်မြှင့်တင်ခြင်း (AC လမ်းခင်းခြင်း၊ လမ်းနယ်တိုးချဲ့ခြင်းနှင့် ရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများအပါအ၀င် စိန်ဆေးရုံမှ ကျားခေါင်းလမ်းအထိ)

Lot-2   -        လားရှိုးမြို့၊ လမ်းမတော်လမ်းနှင့် သိန္နီလမ်းတို့အား လမ်းသားအခြေခံအလွှာခင်းခြင်း၊ AC လမ်းခင်းခြင်းနှင့် Road Paint ရေးဆွဲခြင်း (လားရှိုးမြို့တော်ခန်းမအ၀ိုင်းပတ်မှ စျေးပတ်လမ်းအပါအ၀င် သုံးမြှေင့်ရေပန်းလမ်းဆုံအထိ)

၂။ တင်ဒါလျှောက်လွှာရောင်းချမည့်ရက်/အချိန်       -           ၂၇-၅-၂၀၂၀ ရက်မှ ၂၆-၆-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်/အချိန်      -           ၂၆-၆-၂၀၂၀ရက်၊ သောကြာနေ့ (ရုံးချိန်အတွင်း)

၃။ တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ တောင်ကြီးမြို့၊ ဖုန်း - (၀၈၁- ၂၁၂၃၉၁၅) တွင် ရုံးချိန်အတွင်း စုံစမ်း၀ယ်ယူနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါစိစစ်ရေးကော်မတီ

 

၂၆ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us