စတုတ္ထတန်း သင်ရိုးသစ် သင်တန်းများပို့ချရာ၌ အသုံးပြုမည့် သင်တန်းသုံးသင်ထောက်ကူပစ္စည်းများတင်သွင်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

May 28, 2020
Views: 159
Tender ID: 7321
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းအမျိုးမျိုးနှင့် သင်ထောက်ကူရေးဆွဲခြင်း |
တင်ဒါကာလ: May 29, 2020 - June 22, 2020
အဖွဲ့အစည်း: | |   
တည်နေရာ: နေပြည်တော်
Description
- :

ပညာရေး၀န်ကြီးဌာန

အခြေခံပညာဦးစီးဌာန

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း 

၁။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်း (Grade-4) သင်ရိုးသစ် သင်တန်းများပို့ချရာ၌ အသုံးပြုမည့် သင်တန်းသုံးသင်ထောက်ကူပစ္စည်းများအား ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူးရုံးများသို့ အရောက်ပေးပို့ရန် ရှိပါသဖြင့် နိုင်ငံသားပိုင် လုပ်ငန်းမှတ်ပုံတင်ရှိသော ပုဂ္ဂလိက လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အိတ်ဖွင့်တင်ဒါပေးသွင်းရမည့် ပုံစံများကို ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်တွင် ၂၀၂၀ ပြည့်နှစ်၊ မေ ၂၉ ရက်မှစ၍ လာရောက်စုံစမ်း ၀ယ်ယူနိုင်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၂ ရက်၊ ၁၃ ၀၀ နာရီတွင် ၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်၌ (Grade-4) သင်ရိုးသစ်သင်တန်း သင်ထောက်ကူပစ္စည်းများနှင့် ပတ်သတ်၍ ရှင်းလင်းပွဲများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ တင်ဒါနှင့်ပတ်သတ်သော အချက်အလက်များကို တင်ဒါမတင်သွင်းမီ ရှင်းလင်းပွဲနေ့၌သာ မေးမြန်းနိုင်ပါသည်။ တင်ဒါမတင်သွင်းမီ ရှင်းလင်းပွဲနေ့၌ တင်ဒါဆိုင်ရာမေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးမည်ဖြစ်ပြီး နောက်ပိုင်းရက်များတွင် လူကိုယ်တိုင်လာရောက်မေးမြန်းခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းများကို ဖြေကြားပေးမည် မဟုတ်ပါ။

၃။         တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက် ၁၀:၀၀ နာရီ နောက်ဆုံးထား၍ ရုံးအမှတ် (၁၃)၊ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်တွင် တင်သွင်းရပါမည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက် ၁၃:၀၀ နာရီ တွင် အိတ်ဖွင့်တင်ဒါများအား ဖွင့်ဖောက်မှတ်တမ်းတင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

အိတ်ဖွင့်တင်ဒါစိစစ်ရေးကော်မတီ

အခြေခံပညာဦးစီးဌာန၊ နေပြည်တော်

၂၈ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us