စစ်ကိုင်းတိုင်း ခန္တီးခရိုင်၊ လဟယ်မြို့နယ်တွင် ကျေးလက်လမ်းဖောက်လုပ်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

May 28, 2020
Views: 56
Tender ID: 7323
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: May 28, 2020 - June 11, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေး၀န်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမူလရန်ပုံငွေဖြင့် ဆောင်ရွက်မည့်၊ ခန္တီးခရိုင်၊ လဟယ်မြို့နယ်တွင် ခွင့်ပြုရန်ပုံငွေ ၁၂၅ ဒဿမ ၆၇၅ သန်းဖြင့် ဆောင်ရွက်မည့် ခါးလယ်-လွန်းထောင်း (၅.၆km x ၅.၄၉m) မြေသားလမ်းဖောက်လုပ်ခြင်း၊ ခွင့်ပြုရန်ပုံငွေ ၆၅ ဒဿမ ၉၅၀ သန်းဖြင့်ဆောင်ရွက်မည့်  ယွန်တိုင်း-လွန်းထောင်း-နန်ဖုတ်ချောင်း (၄.၈km x ၁.၈၃m) လမ်းမြေသားလမ်းချဲ့ခြင်း၊ ခွင့်ပြုရန်ပုံငွေ ၂၈ ဒဿမ ၈၇၅ သန်းဖြင့် ဆောင်ရွက်မည့် (၁.၄km x ၅.၄၉m) တိုက်ရံ-ရောင်ဖွန်လမ်းနှင့် တိုက်ရံ-ခမ်းမလားလမ်းဆက်လက်ဖောက်လုပ်ခြင်း (Lot - 78) လမ်းလုပ်ငန်းများအား ဆောင်ရွက်ရန် ရှိပါသဖြင့် တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ဖုန်း ၀၇၁-၂၆၃၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ မေးမြန်းနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် အောက်ပါအစီအစဥ်အတိုင်း ၀ယ်ယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်               -           ၂၈-၅-၂၀၂၀ ရက်

(ခ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်                                 -           ၁၁-၆-၂၀၂၀ ရက်

(ဂ) တင်ဒါစာအိတ်များနှင့် တင်ဒါအာမခံကြေးပေးသွင်းထားသည့် P.O Cheque မူရင်းတင်သွင်းရမည့်ရက်-   ၉:၃၀ နာရီမှ ၁၀ ၀၀ နာရီထိ

(ဃ) တင်ဒါစာအိတ်များနှင့် တင်ဒါအာမခံကြေးပေးသွင်းထားသည့် P.O Cheque .မူရင်းတင်သွင်းရမည့်နေရာ-   တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့

(င) တင်ဒါစိစစ်မည့်ရက်              -           ၁၂-၆-၂၀၂၀ ရက်၊ ၁၀:၀၀ နာရီ

 

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

ဖုန်း - ၀၇၁-၂၆၃၅၉

၂၈ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us