ရမည်းသင်းမြို့နယ်တွင် အဝေးပြေးယာဥ်ရပ်နားစခန်း ဆက်လက်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

May 29, 2020
Views: 117
Tender ID: 7345
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: June 1, 2020 - July 8, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့

စည်ပင်သာယာရေး၀န်ကြီးဌာန

ရမည်းသင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 ၁။ ရမည်းသင်းမိ၊ သင်ပန်းကုန်းရပ်၊ ရမည်းသင်း-သိမ်ကုန်းလမ်းဘေးတွင် တည်ရှိသော ရမည်းသင်းမိနယ်၊ စည်ပင်သာယာရေးအဖွဲပိုင် (၄.၁၃)ဧကရှိ မိမသုသာန်ဟောင်း မြေနေရာတွင် အဝေးပြေးယာဥ်ရပ်နားစခန်း ဆောက်လုပ်ခြင်းအား “မြမြင့်သီတာ ကုမ္ပဏီလိမိတက်” မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့၍ နှစ်ဦးသဘောတူ ချုပ်ဆိုခဲ့သော စာချုပ်အား “စာချုပ်ရပ်စဲ” ခဲ့ပြီးဖြစ်ပါသည်။

၂။ ယာဥ်ရပ်နားစခန်းတည်ဆောက်ခြင်းလုပ်ငန်းတွင် ပါ၀င်သော မဆောင်ရွက်ရသေးသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ဆက်လက်တည်ဆောက်လိုသည့် ကုမ္ပဏီများသည် အိတ်ဖွင့်တင်ဒါလျှောက်လွှာ (၁) စောင်နှင့် အသေးစိတ်စည်းကမ်းချက်များကို ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ၀ယ်ယူ၍ အောက်ပါအချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါသည်။

(က) အိတ်ဖွင့်တင်ဒါလျှောက်လွှာ ၀ယ်ယူရမည့်ရက်            -           (၁-၆-၂၀၂၀) မှ (၁၅-၆-၂၀၂၀) (ရုံးချိန်အတွင်း)

(ခ) အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်ရက်                              -           (၁-၇-၂၀၂၀) မှ (၈-၇-၂၀၂၀) (ရုံးချိန်အတွင်း)

(ဂ) အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ                           -           မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးခန်း

(မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး)

(ဃ) သတ်မှတ်ရက်၊ အချိန်ထက် ကျော်လွန်နောက်ကျတင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။

၃။ ရမည်းသင်းမြို့၊ အဝေးပြေးယာဥ်ရပ်နားစခန်း ဆက်လက်တည်ဆောက်မည့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုသည်များကို မေးမြန်းလိုပါက မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးခန်းတွင် အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူကိုယ်တိုင် ရုံးချိန်အတွင်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့

မြို့နယ်စည်ပင်သာယာရေးကော်မတီ

ရမည်းသင်းမြို့

 

၂၉ မေ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us