ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများ |
တင်ဒါကာလ: June 1, 2020 - June 30, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနသည် သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဘေးသင့်ပြည်သူများအားထောက်ပံ့နိုင်ရန် အောက်ဖော်ပြပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများအတွက် မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသည်။

စဥ်ပစ္စည်းအမည်အရေအတွက်
စောင် (အလျား ၈၀” x အနံ ၆၆”)၁၅၀၀၀ ထည်
တဘက် (အလျား ၅၄” x အနံ ၂၇”)၂၀၀၀၀ ထည်
ဆပ်ပြာတောင့် (၂၀၀ ဂရမ်)၂၀၀၀၀ တောင့်
စတီးလ်သောက်ရေခွက် (အချင်း ၈ စင်တီမီတာ)၁၅၀၀၀ ခု
တာပေါ်လင် (၆ x ၃၀၀ ပေ)၂၀၀ လိပ်
ဆီခံခွက် (အချင်း ၈” x အမြင့် ၃”) (ဒန်သတ္တု)၁၀၀၀၀ ခု
အမိုးသွပ် (၁၁ လိုင်းပါ (၇’ ပေ) အမိုးသွပ် Gauge 30၂၀၀၀၀ ချပ်
ပီနံအိတ် (အထူ) (အလျား ၂၆” x အနံ ၄၈”)၅၀၀၀၀ လုံး

 

၂။ တင်ဒါလျှောက်လွှာများနှင့် ပတ်သတ်၍ အောက်ပါအစီအစဥ်အတိုင်း ဆောင်ရွက်သွားပါမည်။

(က) တင်ဒါပုံစံရောင်းချမည့်ရက်              -           ၁-၆-၂၀၂၀ ရက်မှ ၃၀-၆-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

(ခ)  တင်ဒါတင်သွင်းရမည့်ကာလ             -           ၃-၆-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီမှ ၃၀-၆-၂၀၂၀ ရက် ညနေ ၄ နာရီအထိ

(ဂ) တင်ဒါရောင်းချမည့်နေရာ                  -           ရုံးအမှတ် (၂၃)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန

(ဃ) တင်ဒါဖွင့်လှစ်မည့်နေရာ                  -           ရုံးအမှတ် (၂၃)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနတွင် တင်ဒါဖွင့်လှစ်မည် ဖြစ်ပါသည်။ (တင်ဒါဖွင့်လှစ်မည့်ရက်ကို ထပ်မံအသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။)

၃။ အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၆၇-၃၄၀၄၀၇၄၊ ၀၆၇-၃၄၀၄၀၇၆ တို့သို့ နံနက် ၉:၃၀ မှ ညနေ ၄:၃၀ နာရီအတွင်း ရုံးဖွင့်ရက်များအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

၂၉ မေ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us