ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: May 4, 2020 - June 26, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆)၊ ရန်ကုန်မြို့မှ ၂၀၁၉-၂၀၂၀ ပြည့် ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေ (ADSP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော တည်ဆောက်ရေးပစ္စည်းများ ၀ယ်ယူခြင်းနှင့် ဆွာချောင်းရေလှောင်တမံ ရေထုတ်ပြွန်အတွင်း Chemical Grouting နှင့် Chemical Plastering လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ လုပ်ငန်းများနှင့် ပတ်သတ်၍လည်းကောင်း၊ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များနှင့် ပတ်သတ်၍လည်းကောင်း သိရှိလိုသည်များကို အောက်ပါလိပ်စာနှင့် ဖုန်းအမှတ်များတွင် ရုံးချိန်အတွင်း မေးမြန်းစုံစမ်း၀ယ်ယူနိုင်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်          -           ၄-၆-၂၀၂၀ ရက်မှ ၁၀-၆-၂၀၂၀ ရက်ထိ (ရုံးပိတ်ရက်မပါ)

တင်ဒါတင်သွင်းရမည့်ရက်           -           ၂၅-၆-၂၀၂၀ ရက်မှ ၂၆-၆-၂၀၂၀ ရက်၊ ညနေ ၄ ၀၀ နာရီ

တင်ဒါဖွင့်လှစ်မည့်ရက်                -           ၂၉-၆-၂၀၂၀ ရက် (တနင်္လာနေ့) ၊ နံနက် ၉ ၃၀ နာရီ

တင်ဒါရောင်းချမည့်နေရာ            -           ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး (၆)၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ရန်ကုန်မြို့

တင်ဒါဖွင့်လှစ်မည့်နေရာ              -           ကြည်သာချမ်းမြဓမ္မာရုံ၊ တိုင်းဆည်မြောင်းရုံး၀င်း၊ ပဲခူးမြို့

 

ညွှန်ကြားရေးမှူး

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊

တည်ဆောက်ရေး (၆)၊ ရန်ကုန်မြို့

အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၉-၇၉၉၂၁၁၉၅၈

၀၉-၇၉၅၄၂၈၁၈၀

 

 

၃၁ မေ ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us