ကျွန်း/သစ်မာ/သစ်လုံး/ခွဲသားများ လေလံတင်ရောင်းချခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: June 10, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန

မြန်မာ့သစ်လုပ်ငန်း

ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန

ရှမ်းပြည်နယ် (မြောက်ပိုင်း) အိတ်ဖွင့်လေလံရောင်းချရေးကော်မတီ

အိတ်ဖွင့်လေလံကြော်ငြာအမှတ် (၂/၂၀၁၉-၂၀၂၀)

(သာမန်/သတ-ဖ) ကျွန်း/သစ်မာသစ်လုံး/တိုင်/ခွဲသားများအား အိတ်ဖွင့်လေလံစနစ်ဖြင့်ရောင်းချခြင်း

 ၁။ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးဒေသလက်အောက်ရှိ သစ်ဆိပ်/သစ်စက် အသီးသီးမှ “(သာမန်/သတ-ဖ) ကျွန်း/သစ်မာ/သစ်လုံးတိုင်/ခွဲသားများကို မျက်မြင်အခြေအနေအတိုင်း Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား မည်သူမဆို အောက်ပါအစီအစဥ်အတိုင်း လေလံစျေးနှုန်းများ လာရောက်တင်သွင်း ယှဥ်ပြိုင်၀ယ်ယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

(က) ရောင်းချမည့်အချိန်                          -           ၁၀-၆-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ၊ နံနက် ၁၀ ၀၀ နာရီ

(ခ) ရောင်းချမည့်အမျိုးအစားနှင့် တန်        -           “(သာမန်/သတ-ဖ) ကျွန်း/သစ်မာမျိုးစုံ (၁၁၃၃) တန်ခန့်

(ဂ) ရောင်းချမည့်နေရာ                           -           ဒုတိယအထွေထွေမန်နေဂျာရုံး၊ မြန်မာ့သစ်လုပ်ငန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့။

၂။ ဒေသအိတ်ဖွင့်လေလံနှင့် ပတ်သတ်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက မြန်မာ့သစ်လုပ်ငန်း ဖုန်း - ၀၈၂-၂၂၀၃၇၉၆၊ ၀၈၂-၂၂၀၃၀၄၀ ဖုန်းတို့သို့လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်လေလံကျင်းပရေးကော်မတီ

ပြည်တွင်းရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန

ရှမ်းပြည်နယ် (မြောက်ပိုင်း)

 

၁ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us