မြန်မာနိုင်ငံရဲတပ်ဖွဲ့(ရခိုင်ပြည်နယ်)၊ အကျဥ်းဦးစီးဌာန (ရှမ်းပြည်နယ်) တို့တွင် ဆောင်ရွက်ရန်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

June 1, 2020
Views: 133
Tender ID: 7375
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: June 3, 2020 - June 16, 2020
တည်နေရာ: နေပြည်တော်
Description
- :

ပြည်ထဲရေး၀န်ကြီးဌာန

တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြည်ထဲရေး၀န်ကြီးဌာန၏ အောက်ဖော်ပြပါ တပ်ဖွဲ့/ဦးစီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိက ကုမ္မဏီလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ် (စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ)

(ခ) အကျဥ်းဦးစီးဌာန၊ ရှမ်းပြည်နယ် (ကျိုင်းတုံ)

၂။ အဆိုပါ လုပ်ငန်းများအတွက် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်များသည် လုပ်ငန်းဆိုင်ရာအဆိုပြုလွှာများကို ၃-၆-၂၀၂၀ ရက်မှ စတင်၀ယ်ယူနိုင်ပြီး ၁၆-၆-၂၀၂၀ ရက် ၁၆ ၀၀ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။ တင်ဒါစည်းကမ်းချက်များနှင့်အညီ အဆိုပြုလွှာတွင် ပါ၀င်ရမည့် အချက်အလက်များကို သက်ဆိုင်ရာတပ်ဖွဲ့/ဦးစီးဌာန (ရုံးချုပ်) များတွင် ၀ယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပါသည်။ တင်ဒါတင်သွင်းမည့် ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီ .. ကိုပါ တင်ပြရမည်ဖြစ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းများသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(က) မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဖုန်း - ၀၆၇-၃၄၁၂၁၃၈၊ ၀၆၇-၃၄၁၂၄၆၂

(ခ) အကျဥ်းဦးစီးဌာန၊ ဖုန်း - ၀၆၇-၃၄၃၁၄၂၀၊ ၀၆၇-၃၄၃၁၄၂၆

တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ

 

၁ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us