ပင်စင်ဦးစီးဌာန (ရုံးချုပ်) အ၀င်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: June 2, 2020 - July 2, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၊ အဝင်လမ်း၊ ပင်မတံခါးပေါက်အနီးမှ ဝဲဘက်သို အရှည် ၄၉၀'၊ အကျယ် ၁၂'၊ ထု ၈" သံကူကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အပြီး ဆောင်ရွက်ရန် ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ စိတ်ဝင်စားသူလုပ်ငန်းရှင်များအနေဖြင့် အောက်ပါအစီအစဥ်အတိုင်း တင်ဒါပုံစံတစောင်လျှင် ၂၀၀၀/-ကျပ် (ကျပ်နှစ်ထောင်တိတိ) ဖြင့် ၀ယ်ယူတင်သွင်းနိုင်ပါသည်။

(က) တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ရက်               -           ၂-၆-၂၀၂၀ မှ ၂၆-၆-၂၀၂၀ ရက်ထိ

(ခ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်နေ့ရက်/အချိန် -           ၂-၇-၂၀၂၀ ရက်၊ ၁၅:၀၀နာရီ

(ဂ) တင်ဒါပုံစံရောင်းချမည့်နေရာ                          -           ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်

(ဃ) တင်ဒါပုံစံတင်သွင်းရမည့်နေရာ                     -           ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်

၃။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ပင်စင်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၄)၊ နေပြည်တော် ၊ ဖုန်း-၀၆၇-၃၄၁၀၄၁၈တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

၂ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us