SSB Information System အတွက် Development License, Hardware ၀ယ်ယူခြင်းနှင့် အခြား infrastructure တပ်ဆင်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: June 3, 2020 - July 3, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) အတွက် အောက်ဖော်ပြပါ Lot(၄) ခုအား အိတ်ဖွင့်တင်ဒါ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Lot(1)  -           Data Center Main Site (Colocation) တည်ဆောက်တပ်ဆင်ခြင်း

Lot(2)  -           Telecommunication infrastructure များတပ်ဆင်ခြင်း

Lot(3)  -           SSB Information System  ရေးဆွဲတည်ဆောက်ရန် Development License များ ဝယ်ယူခြင်း။

Lot(4)  -           SSB Information System ရေးဆွဲတည်ဆောက်ရန် Hardware များ ဝယ်ယူခြင်း။

၂။ စိတ်ပါ၀င်စားသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများအနေဖြင့် အိတ်ဖွင့်တင်ဒါအား ၀င်ရောက်ယှဥ်ပြိုင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ၀ယ်ယူမည့်ဌာနအဖွဲ့အစည်း             -           အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့

(ခ) တင်ဒါခေါ်ယူသည့်အကြောင်းအရာ     -           SSB Information System အတွက် Lot(၄)ခုအား ‌ဆောင်ရွက်ရန်။

(ဂ) တင်ဒါစတင်ရောင်းချမည့်ရက်            -           ၃-၆-၂၀၂၀ ရက်

(ဃ) တင်ဒါပိတ်မည့်ရက်                         -           ၃-၇-၂၀၂၀ ရက်

(င) တင်ဒါတင်သွင်းရမည့်နေရာ               -           စီမံခန့်ခွဲရေးဌာန၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ အမှတ် - ဥ/၇၇၊ ရွှေတောင်သီရိလမ်း၊ ဇ၀န်သိဒ္ဓိရပ်ကွက်၊ နေပြည်တော်။

၃။ တင်ဒါပုံစံများအား တစုံလျှင် ကျပ် (၁၅၀၀၀/) ဖြင့် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပြီး၊ တင်ဒါအဆိုပြုလွှာများကို တင်သွင်းရာတွင် သတ်မှတ်ချိန်ထက် နောက်ကျတင်သွင်းခြင်း၊ ချိပ်ပိတ်စာအိတ်များ ပေါက်ပြဲ/စုတ်ပြဲခြင်းနှင့် e-mail ဖြင့် လျှောက်လွှာတင်သွင်းခြင်းများကို လုံးဝ(လုံးဝ) လက်ခံမည်မဟုတ်ပါ။

၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၏ www.mol.gov.mm Website တွင် လေ့လာနိုင်ပြီး ဖုန်း - ၀၆၇-၃၄၁၇၉၀၆၊ ၀၆၇-၃၄၁၇၉၀၄၊ ၀၆၇-၃၄၁၇၉၅၂၊ ၀၆၇-၃၄၁၇၉၂၅ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၀န်ကြီးဌာနတင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ

 

၃ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us