မန္တလေးဖောင်ဖွဲ့ရေးဒေသ၏ သစ်လုံးများသယ်ယူခြင်းလုပ်ငန်းအတွက် ရေယာဥ်နှင့်ကရိန်းလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သယ်ယူပို့ဆောင်ရေး လုပ်ငန်း |
တင်ဒါကာလ: June 5, 2020 - June 19, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဖောင်ဖွဲ့ရေးဒေသ၏ ကျွန်းသစ်လုံးများကို စစ်ကိုင်းမြို့မှ ရန်ကုန်မြို့သို့ အောက်ပါအတိုင်း သယ်ယူလိုပါသဖြင့် သစ်တင်ရေယာဥ်နှင့် ကရိန်းလုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါ၀င်ရောက်ယှဥ်ပြိုင်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

(က) သစ်တင်ရေယာဥ်ဖြင့် သစ်သယ်ယူခြင်း

(၁) လုပ်ငန်းပမာဏ        -           Lot-5 ၃၂၇၁ တန်

(၂) ခရီးစဥ်                     -           စစ်ကိုင်း-ရန်ကုန်

(ခ) သစ်တင်လုပ်ငန်း(ကရိန်း)

(၁) လုပ်ငန်းပမာဏ        -           Lot-6 ၃၂၇၁တန်

(၂) တည်ေနရာ               -           စစ်ကိုင်းသစ်ဆိပ်

၂။ အိတ်ဖွင့်တင်ဒါအား အောက်ပါအစီအစဥ်အတိုင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက် -           ၅-၆-၂၀၂၀ ရက်မှ ၁၉-၆-၂၀၂၀ ရက်ထိ

(ခ) တင်ဒါဖွင့်မည့်ရက်/ အချိန်                  -           ၂၃-၆-၂၀၂၀ ရက်၊ နံနက် ၁၀:၀၀ နာရီ

(ဂ) တင်ဒါလျှောက်လွှာရောင်းချမည့်နေရာနှင့် ဖွင့်မည့်နေရာ -           ဒုတိယအထွေထွေမန်နေဂျာရုံး ၊ မြန်မာ့သစ်လုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး

၃။ တင်ဒါစည်းကမ်းချက်များအား တင်ဒါလျှောက်လွှာရောင်းချမည့်နေရာတွင် တပါတည်းထုတ်ယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းရန် ဖြစ်ပါသည်။

(က) ဒုတိယအထွေထွေမန်နေဂျာ၊ မန္တလေးတိုင်းဒေသကြီး၊ ဖုန်း-၀၉-၅၁၉၆၆၆၅၊ မြန်မာ့သစ်လုပ်ငန်း

(ခ) လက်ထောက်အထွေထွေမန်နေဂျာ၊ မန္တလေးဖောင်ဖွဲ့ရေးဒေသ၊ ဖုန်း-၀၉-၄၃၀၂၄၉၄၉

(ဂ) မန်နေဂျာ (အုပ်ချုပ်ရေး/စီမံကိန်း) ၊ ဖုန်း-၀၉-၄၄၀၆၈၁၆၄၄

 

တင်ဒါခေါ်ယူရေးကော်မတီ

 

၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us