Drug Rehabilitation Training Center အပါအ၀င် ကွန်ကရစ်လမ်းခင်းခြင်း၊ ကားရပ်နားစခန်းတည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: June 4, 2020 - June 28, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ (Open Society Myanmar Foundation) ၏ ကူညီထောက်ပံ့မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းတွင် အောက်ဖော်ပြပါလုပ်ငန်းများအား မြန်မာနိုင်ငံသားလုပ်ငန်းရှင်များနှင့် ဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့်တင်ဒါများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

(က) Drug Rehabilitation Training Center (25950 sft) RC(၃) ထပ်ခွဲ ရေ၊ မီး၊ မိလ္လာ၊ Apron & Drain အပါအ၀င် တည်ဆောက်ခြင်း

(ခ) (၁၅၀' x ၁၀၀' x ၄') မြေဖို့/မြေညှိခြင်းလုပ်ငန်း -1 Lot

(ဂ) (၁၂၀' x ၃၀' x ၉") + (၂၀' x ၅၀' x ၉") ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း

(ဃ) (၂၀' x ၅၀') ကားရပ်နားစခန်းတည်ဆောက်ခြင်း

(င) ၁၅၀' x ၁၀၀') (၆' အမြင့်) (၂၀' x ၆' ဂိတ် - 1 Lot တံခါးအပါ) RC Post ဖြင့် ချိန်းလင့်ခြံစည်းရိုးကာရံခြင်း

၂။ အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဥ်အတိုင်း ဆောင်ရွက်ပါမည်။

(က) တင်ဒါပုံစံရောင်းချမည့်ရက်/အချိန်    -           ၄-၆-၂၀၂၀ ရက်မှ ၁၇-၆-၂၀၂၀ ရက်ထိ၊ ၉:၃၀နာရီမှ ၁၆:၃၀ နာရီထိ (ရုံးချိန်အတွင်း)

(ခ) တင်ဒါတင်သွင်းရမည့်ရက်/အချိန်        -           ၄-၆-၂၀၂၀ ရက်မှ ၂၈-၆-၂၀၂၀ ရက်ထိ ၊ ၉:၃၀နာရီမှ ၁၆:၃၀ နာရီထိ (ရုံးချိန်အတွင်း)

၃။ သတ်မှတ် (ရက်/အချိန်) ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။

၄။ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၄၅၉၆ နှင့် ၀၆၇-၃၄၀၄၅၆၉ သို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ
ပြည်လည်ထူထောင်ရေးဦးစီးဌာန

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန

 

၄ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us