ပင်လည်ဘူးမြို့နယ်အတွင်း ဗိုလ်ချုပ်စျေးသစ်ဆောက်လုပ်ရန်အတွက် အကျိုးတူပူးပေါင်းဆောင်‌ရွက်မည့် လုပ်ငန်းရှင်များဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: June 4, 2020 - June 18, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အတွင်းရှိ ပင်လည်ဘူးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့မရပ်ကွက်၊ ကွင်းအမည်-ပင်လည်ဘူးကွင်း၊ ကွင်းအမှတ် - ၁၆၃၈ ၊ လယ်မြေဧရိယာ (၁၀ ဒဿမ ၁၅) ဧကတွင် ဗိုလ်ချုပ်စျေးသစ်အား Steel Structure ဖြင့် ဆောက်လုပ်ခြင်းလုပ်ငန်းအား အကျိုးတူပူး‌ပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအား ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်အပ်ပါသည်။

(က)     ပေ (၁၀’ x ၁၂’ x ၁၄’) ဆိုင်ခန်းပေါင်း (၁၄၄) ခန်း

(ခ)       မီးသတ်ရေငုတ်ပိုက်လိုင်းရေသွယ်တန်းခြင်း

(ဂ)       လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်း

(ဃ)     ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်များသွယ်တန်းခြင်း

(င)       (315 KVA) Transformer (၁) လုံးတပ်ဆင်ခြင်း

(စ)       စျေးအ၀င်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း

(ဆ)     ရေမြောင်းပြုလုပ်ခြင်း

(ဇ)       ပျံကျစျေးရုံတည်ဆောက်ခြင်းနှင့် အခြားလုပ်ငန်းများ

၂။ လျှောက်လွှာကို အောက်ပါအစီအစဥ်အတိုင်း တင်သွင်းရန်ဖြစ်ပါသည်။

(က)     လျှောက်လွှာရယူရမည့်နေရာ       -           စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မုံရွာမြို့။

(ခ)       လျှောက်လွှာစတင်ရယူရမည့်ရက် -           ၄-၆-၂၀၂၀ ရက်

(ဂ)       လျှောက်လွှာတင်သွင်းရမည့်ရက်  -           ၁၈-၆-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

၃။ အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မုံရွာမြို့၊ ဖုန်း - ၀၇၁-၂၀၂၂၂၄၈၊ ၀၇၁-၂၀၂၂၈၈၆၊ ၀၇၁-၂၀၂၃၁၅၂၊ ပင်လယ်ဘူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဖုန်း ၀၉-၂၅၆၀၅၉၈၆၅၊ ၀၉-၆၉၀၅၅၈၇၁၂ တို့အား ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

၅ ဇွန် ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us