ကန်တော်ကြီး ကရ၀ိတ်ခန်းမငှားရမ်းလိုသူများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: June 8, 2020 - July 8, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီး၀င်းအတွင်းရှိ ကရ၀ိတ်ခန်းမနှင့် ဆက်စပ်လျက်ရှိသည့် ယာဥ်ရပ်နားသည့်နေရာအပါ စုစုပေါင်း ၃.၄၅ ဧကရှိ ကရ၀ိတ်ခန်းမကို ငှားရမ်းမည်ဖြစ်ပါသဖြင့် စိတ်ပါ၀င်စားသော ပြည်တွင်းလုပ်ငန်းရှင် မည်သူမဆို အိတ်ဖွင့်တင်ဒါ (Open Tender) လျှောက်လွှာတင်သွင်းနိုင်ပါသည်။

၂။ တင်ဒါစည်းကမ်းချက်နှင့် လျှောက်လွှာပုံစံ တစ်စုံလျှင် (၁၀၀၀၀/-) (တစ်သောင်းကျပ်တိတိ)ဖြင့်  စီမံကိန်းဌာနခွဲ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်တွင် ၀ယ်ယူနိုင်ပါသည်။

၃။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက်နှင့် နေရာ       -           ၈-၆-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း

တင်ဒါပုံစံပိတ်မည့်ရက်နှင့်အချိန်                      -           ၈-၇-၂၀၂၀ ရက် ၁၂:၀၀ နာရီ

တင်ဒါဖွင့်မည့်ရက်နှင့်အချိန်                           -           ၈-၇-၂၀၂၀ ရက် ၁၃:၀၀ နာရီ

၆။ တင်ဒါဖွင့်မည့်နေရာ                                       -           ကျောက်စိမ်းခန်းမ၊ ရုံးအမှတ် (၃၃)၊ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ နေပြည်တော်

၇။ တင်ဒါပုံစံနှင့် စည်းမျဥ်းစည်းကမ်းများ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စီမံကိန်းဌာနခွဲ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် ဖုန်း - ၀၆၇-၃၄၀၆၁၇၂၊ ၀၆၇-၃၄၀၆၂၄၂ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၈။ သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

တင်ဒါကော်မတီ
ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန

၆ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us