မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးအတွက် Consumable for Specialty ဆေးပစ္စည်းများ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ အမျိုးမျိုး |
တင်ဒါကာလ: June 8, 2020 - July 7, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

၁။ မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား ကုသပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လိုအပ်သော ရင်ခေါင်းဆေးပညာ၊ မျက်စိ၊ ဦး‌နှောက်နှင့် အာရုံကြောဆေးပညာ၊ အရိုးပညာ၊ ကျောက်ကပ်ဆေးပညာ၊ ဓာတ်မှန်၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးဌာနနှင့် ခွဲစိတ်ခန်းသုံး FDA အသိအမှတ်ပြု Consumable for Specialty ဆေးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူမည်ဖြစ်ပါ၍ လိုင်စင်ရကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါများတင်သွင်းရန် ခေါ်ယူအပ်ပါသည်။

၂။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက်                       -           ၈-၆-၂၀၂၀ ရက် (တနင်္လာနေ့)

တင်ဒါပုံစံ၀ယ်ယူရန်နှင့် တင်သွင်းရန်နေရာ         -           တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့

တင်ဒါပုံစံနောက်ဆုံးပေးသွင်းရမည့်ရက်             -           ၇-၇-၂၀၂၀ ရက် (အင်္ဂါနေ့)

၃။ တင်ဒါစည်းမျဥ်းစည်းကမ်းချက်များနှင့် ဆေးပစ္စည်းများစာရင်းကို အသေးစိတ်သိရှိလိုပါက တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး-မကွေးမြို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူစိစစ်ရေးကော်မတီ

တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး - မကွေးမြို့

ဖုန်း - ၀၆၃-၂၀၂၉၀၂၉

 

၆ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us