ဒလတံတားတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် 66 KVA မဟာဓာတ်အားလိုင်းကြိုး ရွှေ့ပြောင်းနေရာချထားခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: June 8, 2020 - July 7, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ တံတားဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုးရီးယားချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးစီမံကိန်း၏ ကမ်းနားလမ်းတလျှောက်ရှိ ဆင်ခြေလျှောတံတား (Ramp Bridge) နှင့် မလွတ်ကင်းသည့် 66 KVA မဟာဓာတ်အားလိုင်းကြိုး ရွှေ့ပြောင်းထည့်သွင်းတည်ဆောက်ရန်အတွက် 1.8 Kilometer ခန့်အရှည်တွင် (1.75 meter x 1.75 meter x 1.5 meter) Precast Box Culvert များ နေရာချထားခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသည်။

၂။ အိတ်ဖွင့်တင်ဒါကို အောက်ပါအစီအစဥ်အတိုင်း တင်သွင်းရန်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့် နေ့ရက်/အချိန်         -           ၈-၆-၂၀၂၀ ရက်၊ နံနက် ၁၀:၀၀ နာရီ

(ခ) တင်ဒါအရောင်းပိတ်မည့် နေ့ရက်/အချိန်                       -           ၇-၇-၂၀၂၀ ရက်၊ မွန်းတည့် ၁၂:၀၀ နာရီ

(ဂ) တင်ဒါဖွင့်မည့် နေ့ရက်/အချိန်                                     -           ၈-၇-၂၀၂၀ ရက်၊ နံနက် ၁၀:၀၀ နာရီ

(ဃ) တင်ဒါစိစစ်ရွေးချယ်မည့်နေရာ                                  -           မြန်မာ-ကိုးရီးယားချစ်ကြည်ရေး(ဒလ) စီမံကိန်းကွပ်ကဲရေးရုံး၊ ရှင်းလင်းဆောင်၊ ဘုန်းကြီးလမ်းထိပ်၊ ကမ်းနားလမ်းသစ်

၃။ အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာပုံစံများအား ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တံတားအထူးအဖွဲ့ (၁၁)၊ သာကေတမြို့နယ်နှင့် လမ်းမတော်မိနယ်၊ ဘုန်းကီးလမ်းထိပ်၊ ကမ်းနားလမ်းသစ်ပေါ်တွင်ရှိသော ဒလတံတားစီမံကိန်းရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်၀ယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်-၀၉-၄၃၁၃၁၄၅၁ နှင့် ၀၉-၄၂၀၁၆၉၅၉၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မြန်မာ-ကိုးရီးယားချစ်ကြည်ရေး

(ဒလ) တံတား တည်ဆောက်ရေးစီမံကိန်း

 

၇ ဇွန် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us